myaelatt athan

Sharing Information to the Local

၉ တန်းကျောင်းသူကို အုပ်စုဖွဲ့အဓမ္မပြုသတ်ခဲ့သူ ၂ ဦးကို သေဒဏ်ချမှတ်

တောင်ငူ၊ မေ ၂၃၊ ၂၀၂၅။

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာမှာ ၉ တန်းကျောင်းသူ ၁ ဦးကို အုပ်စုဖွဲ့ အဓမ္မပြု သတ်ဖြတ်ခံသူ ၂ ဦးကို သေဒဏ်ချမှတ်လိုက်တယ်လို့ တောင်ငူတရားရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ကျူးလွန်သူတွေဖြစ်တဲ့ စည်သူနိုင်(ခ)မှဲ့ကြီး၊ သိန်းထိုက်အောင် (ခ) သားပုတို့ကို ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားတဲ့အတွက် အဓမ္မပြုကျင့်မှု ၃၇၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁)(ဂ) တို့နဲ့ မေလ ၂၂ ရက်မှာ တောင်ငူ တရားရုံးကနေ သေဒဏ်ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။

“ကျွန်းကုန်းက ဖြစ်စဥ်က ၃၇၆ ရယ် ၃၀၂ (၁)(ဂ) အရ သေဒဏ်လို့တော့သိရတယ်။” လို့ တောင်ငူတရားရုံးနဲ့ နီးစပ်သူတဦးက အတည်ပြုပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၉ ရက်မှာ ကျွန်းကုန်းကျေးရွာနေ G 9 ကျောင်းသူ အသက် ၁၆ နှစ်အရွယ် မခိုင်သဇင်ထွန်း ဟာ နေအိမ်မှာ ၁ ဦးတည်းအိပ်ပျော်နေစဥ် အုပ်စုဖွဲ့အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခံခဲ့ရတာပါ။

မိခင်ဖြစ်သူနေအိမ်ပြန်လာချိန် သမီးဖြစ်သူ မခိုင်သဇင်ထွန်းမှာ ဓါးဒဏ်ရာ၊ ထိုးကြိတ်ဒဏ်ရာတို့နဲ့ သေဆုံးတာကိုတွေ့ရှိပြီး ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နဲ့ ရဲအဖွဲ့တွေဆီအကြောင်းကြားခဲ့ပြီးနောက် အဲ့ဒီနေ့မှာပဲ အသက် ၂၀ ကျော်အရွယ် စည်သူနိုင်(ခ)မှဲ့ကြီးနဲ့ သိန်းထိုက်အောင် (ခ) သားပုတို့ကိုသံသယတရားခံအနေနဲ့ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက် ဖမ်းဆီးခံရသူတွေရဲ့ ထွက်ဆိုချက်နဲ့ မှုခင်းဆေးစာအရ သေဆုံးသူမိန်းကလေးမှာ အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံထားရကြောင်း စစ်ဆေးတွေ့ရှိတဲ့အတွက် ၎င်းတို့ကို တောင်ငူရဲစခန်းကနေ ရာဇသတ်ကြီး ပုဒ်မ ၃၇၆၊ ၃၀၂တို့နဲ့ အမှုဖွင့်ခဲ့တာလို့ သေဆုံးသူမိန်းကလေးရဲ့မိသာစုနဲ့ နီးစပ်သူဆီက သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။