မန္တလေးမှာ အသက်‌ ‌၈ နှစ်မိန်းကလေး ၁ ဦး ဓာတ်လိုက် သေဆုံး

0 3
0 3

မန္တလေး၊ မေ ၂၃၊ ၂၀၂၅။

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှာ အသက် ၈ နှစ်အရွယ်မိန်းကလေး ၁ ဦး ဓာတ်လိုက်သေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

သေဆုံးသူဟာ မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အရှေ့ရပ်ကွက်၊ ၈၉လမ်း၊ ၄၂ နဲ့ ၄၃ လမ်းကြားနေထိုင်တဲ့ Grade 3 တက်ရောက်မယ့် မူလတန်းကျောင်းသူဖြစ်ပြီး ၎င်းရဲ့နေအိမ်ရှေ့က လျှပ်စစ်ရေဘုံဘိုင်ကို ကိုင်မိရာက ဓာတ်လိုက်သေဆုံးခဲ့တာလို့ ဆိုပါတယ်။

” လျှပ်စစ်မီးလာနေတဲ့ အချိန်ကို လျှပ်စစ်နဲ့ချိတ်ထားတဲ့ ရေဘုံဘိုင်ကို ကလေးက ကိုင်ဆော့မိတာလို့ ပြောတယ်။ ချက်ချင်းသေသွားတာ” လို့ အခင်းဖြစ်စဥ်ကို သိရှိထားတဲ့ မန္တလေးမြို့ခံတဦးက ပြောပါတယ်။

မတ် ၂၈ ရက်မှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြီးကြောင့် မန္တလေးမြို့နေရာအများအပြားမှာ ဓာတ်တိုင်တွေပြိုလဲတာ၊ ဓာတ်ကြိုးပြတ်ကျတာတွေဖြစ်ပေါ်ခဲ့ပြီး လျှပ်စစ်ဝန်ထမ်းတွေက လိုက်လံရှင်းလင်းခဲ့ပေမယ့် အခင်းဖြစ်နေ့က မန္တလေးမြို့မှာ မိုးရွာသွန်းပြီးနောက် အခုလို ဓာတ်လိုက်သေဆုံးမှု ဖြစ်ခဲ့တာပါ။

မိုးကြိုးနဲ့ မိုးတွင်းကာလတွေအတွင်း မန္တလေးမြို့မှာ ဓာတ်လိုက်သေဆုံးမှုတွေ မကြာခဏဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့တဲ့ ၂၀၂၄ မေလ နဲ့ ဩဂုတ်လတွေမှာ မန္တလေးမြို့နေ အသက် ၅၀ နှစ်နဲ့ အသက် ၂၅ နှစ် အရွယ် သားအမိ ၂ ဦး၊ အသက် ၂၄ နှစ်အရွယ် လူငယ် ၁ ဦး တို့ ဓာတ်လိုက်သေဆုံးခဲ့တယ်လို့ မန္တလေးအခြေစိုက် လူမှုကူညီရေးအသင်းတွေထံက သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။