myaelatt athan

Sharing Information to the Local

သစ်မြစ်တူးပြန်လာတဲ့ အမျိုးသား ၁ ဦး မိုးကြိုးပစ်ခံရပြီးသေဆုံး

ယင်းမာပင်၊ မေ ၁၈၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ အောင်ချမ်းအေးရွာမှ သစ်မြစ်တူးပြန်လာတဲ့ အမျိုးသား ၁ ဦး မေ ၁၇ ရက် ညနေပိုင်းမှာ မိုးကြိုးပစ်ခံရပြီးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အသက် ၃၃ နှစ်အရွယ် ကိုချစ်ကိုကိုဟာ လုပ်ဖော်ကိုင်ဖက် ၃ ဦးနဲ့ သစ်မြစ်တူးရာကနေ ရွာကိုခြေလျင်ပြန်လာချိန်လမ်းမှာ မိုးကြိုးပစ်ခံရပြီးသေဆုံးခဲ့တာပါ။

“ကြားထဲကရော သူရော ၃ ယောက်လုံးလဲကျတာ၊ သူကျတော့ တစောင်းမှောက်ကျတာ၊ ဟိုကောင်တွေက ပက်လက်လန်တာ၊ ကျနော်ကတော့ ကုန်းကုန်းလေးပဲ၊ ဘာမှမမြင်ရတော့ဘူး လူကကျင်ထုံသွားပြီ၊ သူ့ကိုနှိုးတဲ့အချိန်ကျ နှိုးလို့မရဘူး၊ ဟန်ဆောင်တာနေမှာဆိုပြီး လက်နဲ့ပုတ်ပြီး နှိုးတဲ့အချိန်ထပြီး မျက်လုံးကတော့ မျက်တောင်ခပ်တယ်၊ ပါးစပ်ထဲက သွေးတွေထွက်လာပြီ။” လို့ အတူပြန်လာတဲ့ လုပ်ဖော်ကိုင်ဖက်က ပြောပါတယ်။

ကိုချစ်ကိုကိုမှာ အလယ်တန်းနဲ့ မူလတန်းအရွယ် သားသမီး ၃ ယောက်ရှိပြီး သူ့အမျိုးသမီးကတော့ နာဂဒေသကို ရောက်နေတယ်လို့သိရပါတယ်။

ကိုချစ်ကိုကိုရဲ့ ဈာပနကိုတော့ ဒီနေ့နေ့ခင်းမှာပဲပြုလုပ်မယ်လို့ ကူညီဆောင်ရွက်နေသူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့မေ ၁၁ ရက် ညနေပိုင်းကလည်း မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ တလုပ်ပင်အုပ်စု၊ တလုပ်ပင် ကျေးရွာမှာ အမျိုးသား ၅ ဦးမိုးကြိုးထိမှန်ပြီး အဲ့ဒီထဲက ၂ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေး လုပ်ပေးခဲ့သူတွေဆီက သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။