myaelatt athan

Sharing Information to the Local

PDF တပ်ရင်းတွေအတွက် ထောက်ပံ့စရိတ် ဒေါ်လာ ၂၅ သန်းနီးပါး ပေးပို့ခဲ့

0 1
0 1

မြေလတ်အသံ၊ မေ ၇၊ ၂၀၂၅။

နိုင်ငံတဝှမ်းဖွဲ့စည်းထားတဲ့ PDF တပ်ရင်း/တပ်ဖွဲ့အတွက် ၂၇ ကြိမ်မြောက် တပ်ရင်းထောက်ပံ့စရိတ်အဖြစ် ခန့်မှန်းအမေရိကန်ဒေါ်လာ ၀.၉ သန်းခန့် ပေးပို့ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (NUGMOD) က ဒီကနေ့ မေ ၇ ရက်မှာ ထုတ်ပြန်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDFတပ်ရင်း/တပ်ဖွဲ့ ၃၀၀ ကျော်အတွက် PDF စတင်ဖွဲ့စည်းချိန်ကစလို့ တပ်ရင်းထောက်ပံ့စရိတ်ပေးပို့ခဲ့ရာ လက်ရှိ ၂၇ ကြိမ်မြောက်အထိ စုစုပေါင်းအမေရိကန်ဒေါ်လာ ၂၄.၉ သန်းခန့် ပေးပို့ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါတပ်ရင်းထောက်ပံ့စရိတ်တွေရဲ့ ၉၀ ရာခိုင်နှုန်းဖြစ်တဲ့ ခန့်မှန်းအမေရိကန်ဒေါ်လာ ၂၂.၅ သန်းကို ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်-PRF အစီအစဉ်ရဲ့ ၂၀၂၁ ဒီဇင်ဘာမှ ၂၀၂၄ စက်တင်ဘာအထိ ၃၄ လတာအတွင်းကောက်ခံရရှိတဲ့ ဘဏ္ဍာငွေတွေကနေ ထုတ်နုတ်သုံးစွဲခဲ့တာဖြစ်တယ်လို့ NUGMOD က ဖော်ပြပါတယ်။

လက်ရှိကာလဟာ တော်လှန်ရေးရဲ့ အရေးကြီးတဲ့ကာလအပိုင်းအခြားကို ရောက်ရှိနေပြီဖြစ်လို့ ပြည်သူလူထုအနေနဲ့ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်-PRF နဲ့အတူ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဘဏ္ဍာငွေရှာဖွေရေးလုပ်ငန်းစဉ်တွေမှာ တတ်အားသရွေ့ပါဝင်ပေးကြဖို့ အထူးတိုက်တွန်းတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် PRF စတင်ချိန်ကနေ လက်ရှိအထိ ထောက်ပို့တာဝန်ထမ်းဆောင်ခဲ့ကြသူ တဦးချင်းစီတိုင်းကို ဂုဏ်ပြုမှတ်တမ်းတင်ကြောင်းလည်း ဖော်ပြထားပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။