myaelatt athan

Sharing Information to the Local

ကောလင်းမှာအမျိုသမီး ၁ ဦး ကျည်ထိမှန်သေဆုံး

ကောလင်း၊ မေ ၅၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ တာကျေးရွာအနီးမှာ မေ ၄ ရက်မနက် ၇ နာရီကျော်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပစ်ခတ်လိုက်တဲ့ သေနတ်ကျည်ထိမှန်ပြီး အမျိုးသမီး ၁ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

သေဆုံးသူမှာ တာကျေးရွာနေအသက် ၅၀ အရွယ်ဒေါ်ဥဖြစ်ပြီး ရွာထဲမှာသွားလာနေချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကပစ်ခတ်လိုက်တာလို့ ဆိုပါတယ်။

“သူမက ရင်ဘတ်ကိုကျည်ဖောက်ထွက်သွားပြီးတော့ ပွဲချင်းပြီးသေသွားတာ”လို့ Kawlininfo မှတာဝန်ရှိသူအမျိုးသားတဦး ကပြောပါတယ်။

တာကျေးရွာမှာ ကောလင်းမြို့ရဲ့ တောင်ဘက်ကပ်ရပ်မှာတည်ရှိပြီး မြို့အတွင်းရှိ စစ်ကောင်စီတပ်က အဲဒီကျေးရွာကိုစစ်ကြောင်းထိုးလာချိန် ကောလင်းခရိုင် တပ်ရင်း (၁)၊ ပကဖပူးပေါင်းအဖွဲ့တွေ ၁ နာရီခန့်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

“တိုက်ပွဲဖြစ်ပြီးတော့ စကစတွေပြန်ဆုတ်တဲ့အခါမှာ အမျိုးသမီးက လမ်းသွားနေတာ။ အဲ့တာကိုမြင်လို့ လှမ်းပစ်လိုက်တာ”လို့ အထက်ပါအမျိုးသားကဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားတွေဟာ ကောလင်းမြို့ပေါ်ကိုပြန်လည် ဆုတ်ခွာသွားခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ဒီဇင်ဘာ ၁၂ ရက်ကလည်း ကောလင်းမြို့နယ်၊ ပေပင်ချောင်ကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေက ရွာခံအမျိုးသား ၄ ဦးကို ဖမ်းဆီးပြီး သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။