myaelatt athan

Sharing Information to the Local

မြို့လယ်မှာကင်းပတ်တဲ့ ပျူစောထီးအဖွဲ့ကို တိုက်ခိုက်ပြီး G3 ၂ လက်သိမ်းဆည်း

မြင်းခြံ၊ မေ ၁၊ ၂၀၂၅။

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ဆီမီးခုံမြို့လယ်ကောင်ကို ဆိုင်ကယ်နဲ့ကင်းပတ်ထွက်လာတဲ့ ဗိုလ် ၁ ဦး နဲ့ ပျူစောထီး ၂ ဦးတို့ကိုပစ်ခတ်ပြီး လက်နက်တွေသိမ်းဆည်းခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း ၉၊ Myingyan Black Tiger – MBT ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

ဧပြီ ၃၀ ရက် ည ၈ နာရီလောက်မှာ ဆီးမီးခုံမြို့ပေါ်က‌နေ ဆိုင်ကယ် ၂ စီး နဲ့ ကင်းပတ်ထွက်လာချိန် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

“ကင်းပတ်ထွက်လာမှာသိလို့ ကျနော်တို့ မြို့ထဲကိုအပျောက်သွားပြီးတော့ ကင်းပုန်းစောင့်ခဲ့တာပါ။ ဆိုင်ကယ် ၂ စီးနဲ့ ဗိုလ် ၁ ဦးအပါအဝင် ပြည်သူ့စစ် ၂ ဦးကို ကျနော်တို့ မြန်မြန်ဆန်ဆန်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။” လို့ MBT ခေါင်းဆောင်ဗိုလ်မိုက်ခဲက ပြောပါတယ်။

ပစ်ခတ်ပြီးနောက် ပျူစောထီးတွေကိုင်ဆောင်တဲ့ G3 ၂ လက်ကိုကောက်ယူပြီး ပြန်ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။

“ရန်သူ့လက်နက်ကောက်တဲ့အချိန်မှာ ကျနော်တို့ ပျူစောထီးကိုင်တဲ့ G3 ၂ လက်ကိုတော့ ကောက်နိုင်ခဲ့တယ်။ ဗိုလ်ကိုင်တဲ့ MA 3 ကိုတော့ ကောက်ဖို့သွားတဲ့အချိန် မြို့ထဲဖြစ်တာကြောင့် ပြန်လည်ပစ်ခတ်လို့ ကောက်နိုင်ခြင်းမရှိဘူး။”လို့ ဗိုလ်မိုက်ခဲက ဆက်ပြောပါတယ်။

ပစ်ခတ်ခံရတဲ့ ပျူစောထီး ၂ ဦးဟာ ဆုံရွာကဖြစ်ပြီး ဗိုလ်ကတော့ ဆီမီးခုံမြို့ကလို့ သိရကာ ပစ်ခတ်မှုအတွင်း ၃ ဦးစလုံး သေဆုံးခဲ့တယ်လို့လည်း သူကပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်းကစလို့ မေ ၁ ရက်ဒီကနေ့အထိ ပစ်ခတ်တိုက်ခိုက်တဲ့နေရာမှာ စစ်ကောင်စီဘက်က ကင်းပုန်းဝတ်တွေရှိနေသေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။