myaelatt athan

Sharing Information to the Local

ဆောမှာ ဗုံးကြဲခံရလို့ ကလေး ၁ ဦးအပါ ၄ ဦးသေဆုံး

ဆော၊ မေ ၁၊ ၂၀၂၅။

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ အညာကတင်းကျေးရွာကို စစ်ကောင်စီတပ်က မေ ၁ ရက်ဒီကနေ့မနက် ၁၁ နာရီခန့်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေး ၁ ဦးအပါအဝင် အမျိုးသမီး ၄ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

တိုက်ခိုက်ရေးလေယာဥ် ၁ စီးနဲ့ အညာကတင်းကျေးရွာရဲ့ အလယ်တန်းစာသင်ကျောင်းအနီးကို ပေါင် ၂၅၀ ဗုံးသီး ၂လုံး ကြဲချခဲ့တာလို့ ဆိုပါတယ်။

“သေဆုံးသူတွေက မိသားစု၀င်တွေတော့မဟုတ်ပါဘူးခင်ဗျ။ စာသင်ကျောင်အနီးမှာရှိတဲ့ အိမ်တွေက ပြည်သူတွေပါ။ အမျိုးသမီးကြီး ၃ ယောက်က ပွဲချင်းပြီးသေတာ။ ကလေးမလေးကတော့ ဆေးခန်းပို့တဲ့လမ်းမှာသေသွားတာ”လို့ ယောအလင်းတန်းမှတာဝန်ရှိသူ အမျိုးသားတဦးက ပြောပါတယ်။

သေဆုံးသူ ၄ ဦးမှာ ဒေါ်မကြည်လေး ၆၅ နှစ်၊ ဒေါ်တင်တင်ခိုင် ၅၂ နှစ်၊ မပြားသာ ၃၈ နှစ်နဲ့ မခွန်းဆက်ချို ၈ နှစ်တို့ဖြစ်ကြပါတယ်။

ဒါ့အပြင် ဗုံးကြဲမှုကြောင့် စာသင်ကျောင်းအဆောက်အဦအပါအဝင် လူနေအိမ် ၅ လုံး ပြိုကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄၊ မေ ၁၄ ရက်ကလည်း ဆောမြို့နယ်၊ ကျင်းလိန်ကျေးရွာအုပ်စု၊ တောမကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၄ ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။