myaelatt athan

Sharing Information to the Local

မြိုင်မှာ ဗုံးကြဲခံရလို့ အမျိုးသား ၁ ဦးသေဆုံး

0
0

မြိုင်၊ ဧပြီ ၂၅၊ ၂၀၂၅။

မကွေးတိုင်း၊ မြိုင်မြို့နယ်အရှေ့ပိုင်းရှိ တောတိုက်ထဲကို စစ်ကောင်စီကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသား ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဧပြီ ၂၄ ရက်ည ၇ နာရီဝန်းကျင်မှာ စစ်ကောင်စီရဲ့ဂျက်ဖိုက်တာ ၁ စီးပေါ်ကနေ ဗုံး ၃ လုံးကြဲချခဲ့ရာ တောတိုက်အတွင်းစစ်ရှောင်နေတဲ့ မိသားစုကိုထိမှန်ခဲ့တာပါ။

“ ဒီတိုင်းပဲ ဘာအကြောင်းမှမရှိဘဲ လာပြီး ၃ ကြိမ်ပစ်သွားတာ ပေါင် ၅၀၀ တွေ၊ မီးလောင်ဗုံးတွေနဲ့။ အမျိုးသားက နေရာမှာတင်ဆုံးသွားတာ။ အမျိုးသမီးနဲ့ကလေးငယ်လေးကတော့ မီးလောင်ဒဏ်ရာတွေနဲ့ ဆေးကုသမှုခံနေရတယ်” လို့ ဒေသခံတဦးကပြောပါတယ်။

တောတိုက်အတွင်းစစ်ရှောင်ရင်း လျှော်ဖြူခြံစောင့်နေတဲ့ မိသားစု ၄ ဦးနေထိုင်ရာ တဲပေါ်ကို ဗုံးကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး အသက် ၅၀ အရွယ်အမျိုးသား သေဆုံးပြီး ဇနီးဖြစ်သူ၊ ၁၃ နှစ်နဲ့ ၁၀ နှစ်အရွယ် သမီး ၂ ဦးတို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါနေရာတဝိုက်ကို လေကြောင်းတိုက်ခိုက်ခံရတာဟာ ဒီတကြိမ်က ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဆိုပါတယ်။

ဧပြီ ၂၃ ရက် ညနေ ၄ နာရီ ၁၀ မိနစ်ဝန်းကျင်မှာ စစ်ကောင်စီရဲ့ဂျက်ဖိုက်တာ ၂ စီးပေါ်ကနေ Rocket ၃ လုံး ပခုက္ကူမြို့နယ်ထဲက ဆယ်ပင်စု၊ ရွာသစ်၊ အောက်ကျင်းနဲ့ ဖလံအိုးကျေးရွာအနီးကို ပစ်ခတ်တိုက်ခိုက်ရာမှာ အမျိုးသမီး ၁ ဦးသေဆုံးပြီး အမျိုးသား ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

၂၀၂၁ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၅ ဧပြီ ၂၅ ရက်အထိ စစ်ကောင်စီနဲ့ ၎င်းတို့ရဲ့လက်ပါးစေတွေကြောင့် သေဆုံးခဲ့တဲ့အရပ်သားပြည်သူစုစုပေါင်း ၆,၅၆၅ ဦးရှိခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း – AAPP က ထုတ်ပြန်ပါတယ်။

ပုံစာ – ဗုံးထိမှန်သေဆုံးခဲ့သည့် အသက် ၅၀ အရွယ် အမျိုးသား။

သတင်း – ဟယ်သာ၊ စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။