myaelatt athan

Sharing Information to the Local

အုတ်ဖိုက ပျူစောထီးဆိုသူ ၂ ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

0
0

အုတ်ဖို၊ ဧပြီ ၁၀၊ ၂၀၂၅။

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်က ပျူစောထီးဆိုသူ ၂ ဦး သေနတ်နဲ့ပစ်ခံရပြီးသေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၅၊ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့က ဧပြီ ၁၀ ရက် ဒီမနက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

အုတ်ဖိုမြို့နယ်၊ ကြို့ပင်ဝိုင်းရွာကနေ ၂ မိုင်လောက်ဝေးတဲ့ သက်ကယ်ချင်းကုန်းရွာ အရက်ဆိုင်ကနေ ပြန်လာတဲ့ အသက် ၂၈ နှစ်အရွယ် ကိုဖိုးဖြူနဲ့ ကိုရန်နိုင်စိုးတို့ ၂ ဦးကို ဧပြီ ၈ ရက် ည ၈ နာရီခွဲလောက်မှာ သေနတ်နဲ့ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“စစ်သားတွေ အရက်သောက်နေတယ်ဆိုတာ သတင်းရလို့ ကြို့ပင်ရွာထိပ်ကနေ စောင့်ပစ်တာ။ နှစ်ယောက်သား ခြေလျင်ပြန်လာတာလေ။” လို့ HEROပြောက်ကျားတပ်ဖွဲ့က ဒုတပ်ခွဲမှူး ရဲဘော်မိုးသီးက ပြောပါတယ်။

အလောင်းတွေကိုတော့ ဧပြီ ၉ ရက်မနက်ပိုင်းမှာအလယ်ကုန်းရွာ စစ်ကောင်စီယာယီအထိုင်စခန်းရှိ စစ်ကေင်စီတပ်ဖွဲ့ဝင်တွေက အုတ်ဖိုမြို့ဘက်ကို ကားနဲ့သယ်သွားတယ်လို့ သူကဆက်ပြောပါတယ်။

ဒါ့အပြင် ဧပြီ ၁၀ ရက် ဒီမနက်ပိုင်းကလည်း ပစ်ခတ်မှုဖြစ်တဲ့ကြို့ပင်ဝိုင်းရွာထိပ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ ၂ ဦးဟာ လူငယ်တွေကို ပေါ်တာဆွဲရာမှာဦးဆောင်သူတွေဖြစ်ကာ စစ်ကောင်စီဲနဲ့ပေါင်းပြီး ငွေကြေးကောက်ခံနေတာ၊ ပြည်သူတွေနဲ့ PDF တွေကို လိုက်လံစုံစမ်းတာ၊ ရပ်ရွာအတွင်းကလူငယ်တွေရှိတဲ့ အိမ်တွေကို ငွေကြေးကောက်ခံရာမှာ ပတ်သက်သူတွေဖြစ်တဲ့အတွက် ခုလိုပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ဧပြီ ၈ ရက် မွန်းလွဲ ၁ နာရီခွဲကလည်း အုတ်ဖိုမြို့နယ်၊ သရက်နှစ်ဖျားလိမ်အုပ်စု၊ ပေါင်းတည်စုရွာက လက်ပစ်ဗုံးဆောင်တဲ့ ရာအိမ်မှူး ကိုဖိုးဖြူ ကိုလည်း ပေါင်းတည်စုရွာအနီးလမ်းပေါ်မှာ အုတ်ဖိုမြေအောက်ပြောက်ကျားတပ်ဖွဲ့က သေနတ်နဲ့ပစ်သတ်ခဲ့ပါသေးတယ်။

သတင်း – မောင်ဆွေအင်း၊ စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။