myaelatt athan

Sharing Information to the Local

စစ်ကောင်စီရဲ့လက်ကျန်စခန်းကိုတိုက်ပြီး အင်းတော်တမြို့လုံးကိုသိမ်းပိုက်

အင်းတော်၊ ဧပြီ၈၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့ရှိ စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ ဂျပန်လိုဏ်ဂူစခန်းကုန်းကို ဧပြီ ၇ ရက်ည ၈ နာရီကျော်မှာ သိမ်းပိုက်ရရှိခဲ့တယ်လို့ မြေပြင်ရှိ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

ဒါ့အပြင်တိုက်ခိုက်မှုတွေအတွင်း လေကြောင်းကနေတိုက်ခိုက်မှုတွေရှိခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေတွေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ မြေပြင်စစ်ရေးအခြေအနေတွေနဲ့ နီးစပ်သူတဦးကပြောပါတယ်။

“စခန်းက ည ၈ နာရီလောက်မှာရတာ၊ သူတို့(စစ်ကောင်စီ)ဘက်က လေယာဥ်လာပစ်တယ်၊ ဘယ်နှစ်ကြိမ်မှန်းတောင် မသိတော့ဘူး။ နှစ်ဘက်လုံးအထိအခိုက်ရှိတယ်၊ အတိအကျတော့ မပြောနိုင်သေးဘူး”လို့ သူကပြောပါတယ်။

ဂျပန်လှိုဏ်ဂူစခန်းကုန်းဟာ အင်းတော်မြို့အပြင်ဘက် ရွှေဘို-မြစ်ကြီးနားကားလမ်းဘေးမှာရှိပြီး အင်းတော်မြို့ကို တော်လှန်ရေးတပ်တွေက သြဂုတ် ၂၄ ရက်ကတိုက်ခိုက်သိမ်းပိုက်ချိန် စစ်ကောင်စီတပ်တွေဟာ အဆိုပါစခန်းကုန်းကိုဆုတ်ခွာပြီး နောက်ဆုံးစခန်းအဖြစ် အခိုင်အမာတပ်စွဲထားခဲ့တာ ဖြစ်ပါတယ်။

ဂျပန်လှိုင်ဂူစခန်းကုန်းကိုသိမ်းပိုက်ချိန်မှာ စစ်သုံ့ပန်းတွေအရှင် ၄၀ ကျော်ဖမ်းဆီးရမိခဲ့ပြီး ဟောင်ဝစ်ဇာအပါအဝင် လက်နက်ကြီးတွေလည်း သိမ်းပိုက်ရရှိခဲ့တယ်လို့ တိုက်ခိုက်ရာမှာ ပါဝင်တဲ့တပ်ဖွဲ့ဝင်တဦးက အတည်ပြုပါတယ်။

ဒီတိုက်ပွဲကို ကချင်လွတ်လပ်ရေးတပ်မတော် – KIA၊ ကျောင်းသားတပ်မတော် – ABSDF၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ကြတာပါ။

အင်းတော်မြို့က ရဲစခန်း၊ ထွေအုပ်ရုံးနဲ့ မြို့တွင်းရှိစစ်ကောင်စီကင်းစခန်းတွေကို တော်လှန်ရေး တပ်ဖွဲ့တွေက ၂၀၂၄ သြဂုတ် ၂၄ ရက်မှာသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး ၇ လအကြာမှာ မြို့ရဲ့နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ ဂျပန်လှိုဏ်ဂူစခန်းကုန်းကို သိမ်းပိုက်နိုင်ခဲ့တာပါ။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။