⁩ ⁨ပခုက္ကူမှာ စက်တပ်လေထီးနဲ့ ဗုံးကြဲခံရလို့ ကလေးငယ် ၁ ဦး အပါအဝင် ၅ ဦးသေဆုံး

0 2
0 2

ပခုက္ကူ၊ အောက်တိုဘာ ၁၉၊ ၂၀၂၆။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အုန်းတောကျေးရွာမှာ အရပ်သားတွေရဲ့ နေအိမ်တွေအပေါ်ကို စက်တပ်လေထီးနဲ့ ဗုံးကြဲခံရလို့ ကလေးငယ် ၁ ဦးအပါအဝင် ၅ ဥဦးသေဆုံးခဲ့တယ်လို့ ရွာခံတွေဆီက သိရပါတယ်။

အောက်တိုဘာလ ၁၈ ရက်နေ့ညနေ ၄ နာရီခန့်မှာ ညောင်ဦးကနေ တက်လာတဲ့ စက်တပ်လေထီး ၃ စီးဟာ ကျေးရွာအလယ်က ဒေသခံပြည်သူတွေရဲ့ နေအိမ် ၂ လုံးနဲ့ ရွာမြောက်ပိုင်းက နေအိမ်တွေအပေါ် တနေရာကို ဗုံးသီး ၂ စီးနဲ့ စုစုပေါင်း ၄ လုံး ကြဲချခဲ့တာလို့ ဆိုပါတယ်။

ပုံစာ – ပခုက္ကူမြို့နယ်၊ အုန်းတောကျေးရွာမှာ အာဏာသိမ်းစစ်တပ်၏ စက်တပ်လေထီးနှင့် ဗုံးကြဲမှုကြောင့် သေဆုံးသွားသည့် အရပ်သားများနှင့် ပျက်စီးခဲ့သည့် နေအိမ်များ

“အိမ်နှစ်လုံးပေါ် အတည့်ကျတာ။ တလုံးက မီးလောင်တာ။ အခုမနက်မှ ဆုံးတာ တယောက်။ နေရာတင်ဆုံးတာ ၄ ယောက်။ အကုန်အပြတ်တွေပေါ့ ဟိုတနေရာ ဒီတနေရာ ကောက်ရတာပေါ့။ အူတွေ အသည်းတွေတောင်လိုက်ကောက်နေရတုန်း”လို့ ရွာခံတဦးက ပြောပါတယ်။

ဗုံးသီးထိမှန်တာကြောင့် အသက် ၃၀ ကျော်အရွယ် အမျိုးသမီး ၁ ဦး၊ အသက် ၇၀ ကျော်အရွယ် အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၂ ဦး နေရာတင်သေဆုံးသွားတယ်လို့ သိရပါတယ်။

ပုံစာ – ပခုက္ကူမြို့နယ်၊ အုန်းတောကျေးရွာမှာ အာဏာသိမ်းစစ်တပ်၏ စက်တပ်လေထီးနှင့် ဗုံးကြဲမှုကြောင့် သေဆုံးသွားသည့် အရပ်သားများနှင့် ပျက်စီးခဲ့သည့် နေအိမ်များ
ပုံစာ – ပခုက္ကူမြို့နယ်၊ အုန်းတောကျေးရွာမှာ အာဏာသိမ်းစစ်တပ်၏ စက်တပ်လေထီးနှင့် ဗုံးကြဲမှုကြောင့် သေဆုံးသွားသည့် အရပ်သားများနှင့် ပျက်စီးခဲ့သည့် နေအိမ်များ

ဒါ့အပြင် အူထွက်သွားတဲ့ အသက် ၁၀ နှစ်ကျော်အရွယ် မိန်းကလေးငယ် ၁ ဦး၊ မျက်စိထွက်သွားတဲ့ အသက် ၂၅ ကျော်အရွယ် အမျိုးသမီး ၁ ဦး၊ ဦးခေါင်းထိခိုက် အသက် ၂၅ နှစ်ကျော်အရွယ် အမျိုးသား ၁ ဦးနဲ့ ခန္ဓကိုယ်ထိခိုက်သူ အသက် ၄၀ ကျော်အရွယ် အမျိုးသမီး ၂ ဦးရှိခဲ့ပြီး နီးစပ်ရာ ဆေးခန်းပို့ဆောင်ဆေးကုသမှု ခံယူနေရပါတယ်။

ဆေးကုသမှု ခံယူနေရသူတွေအနက် အသက် ၁၀ နှစ်ကျော်မိန်းကလေးငယ်မှာ အောက်တိုဘာလ ၁၉ ရက်နေ့ မနက်ပိုင်းက သေဆုံးသွားပြီး ကျန်သူတွေမှာလည်း စိုးရိမ်ရ တဲ့ အခြေအနေ ရှိနေတယ်လို့ ဆိုပါတယ်။

ပုံစာ – ပခုက္ကူမြို့နယ်၊ အုန်းတောကျေးရွာမှာ အာဏာသိမ်းစစ်တပ်၏ စက်တပ်လေထီးနှင့် ဗုံးကြဲမှုကြောင့် သေဆုံးသွားသည့် အရပ်သားများနှင့် ပျက်စီးခဲ့သည့် နေအိမ်များ
ပုံစာ – ပခုက္ကူမြို့နယ်၊ အုန်းတောကျေးရွာမှာ အာဏာသိမ်းစစ်တပ်၏ စက်တပ်လေထီးနှင့် ဗုံးကြဲမှုကြောင့် သေဆုံးသွားသည့် အရပ်သားများနှင့် ပျက်စီးခဲ့သည့် နေအိမ်များ

ဗုံးကြဲခံရမှုအတွင်း နေအိမ် ၃ လုံးပျက်စီးကာ နွားနှစ်ကောင်လည်း သေဆုံးခဲ့ပြီး ဗုံးကြဲခံရပြီးနောက် လူနာတွေကို ရွာခံတွေက ကူညီကယ်ထုတ်နေစဥ် အသေခံဒရုန်း ၂ စီးနဲ့ ထပ်မံတိုက်ခိုက်ခံရတာကြောင့် လူထိခိုက်မှုမရှိသလို ရွာလုံးကျွတ် ဘေးလွတ်ရာကို တိမ်းရှောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၆ ရက်နေ့ကလည်း ရေစကြိုမြို့နယ်၊ သစ်ကြီးတောရွာနဲ့ ပိတ်သင်းကပ်ရွာတွေက စတားလင့်ဆိုင်နဲ့ ဇရပ် ဗုံးကြဲခံရလို့ ပြည်သူ ၁၂ ဦးသေဆုံးတယ်လို့ သိရပါတယ်။

ပုံစာ – ပခုက္ကူမြို့နယ်၊ အုန်းတောကျေးရွာမှာ အာဏာသိမ်းစစ်တပ်၏ စက်တပ်လေထီးနှင့် ဗုံးကြဲမှုကြောင့် သေဆုံးသွားသည့် အရပ်သားများနှင့် ပျက်စီးခဲ့သည့် နေအိမ်များ
ပုံစာ – ပခုက္ကူမြို့နယ်၊ အုန်းတောကျေးရွာမှာ အာဏာသိမ်းစစ်တပ်၏ စက်တပ်လေထီးနှင့် ဗုံးကြဲမှုကြောင့် သေဆုံးသွားသည့် အရပ်သားများနှင့် ပျက်စီးခဲ့သည့် နေအိမ်များ

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။