အရာတော်မှာဗုံးကြဲလို့ သက်ကြီးပိုင်းအမျိုးသမီး ၁ ဦးသေဆုံး

0 1
0 1

အရာတော်၊ မတ် ၃၁၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ အုပ်ရှစ်ကုန်းရွာကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သက်ကြီးပိုင်းအမျိုးသမီး ၁ ဦး သေဆုံးပြီး ၈ ဦးဒဏ်ရာရခဲ့တယ် ဒေသခံတွေဆီက သိရပါတယ်။

မတ်လ ၃၀ ရက်ညနေပိုင်းမှာ အုပ်ရှစ်ကုန်းရွာဆေးပေးခန်းကို ဂျက်ဖိုက်တာ ၂ စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဆေးခန်းလာပြတဲ့ပြည်သူတွေကို ထိခိုက်ခဲ့တာလို့ ဆိုပါတယ်။

“စစ်ရေးပစ်မှတ် လုံးဝမဟုတ်တဲ့ ပြည်သူတွေကို ဆေးဝါးကုသပေးနေတဲ့ ဆေးခန်းကို ပစ်ခံရတာ၊ (ဆေးခန်းထဲက) အဆောက်အဦအားလုံး ပျက်စီးသွားတယ်၊ လေယာဉ် ၂ စီးနဲ့ ၆ ကြိမ် ပစ်တာ။” လို့ ဒေသခံတဦးက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် အသက် ၇၀ အရွယ် အမျိုးသမီး ၁ ဦး နေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရခဲ့တဲ့ ဒေသခံ ၈ ဦးကိုတော့ ဆက်လက်ဆေးကုသပေးနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မတ် ၃၀ ရက် တရက်တည်းမှာပဲ အရာတော်မြို့နယ်တောင်းပိုင်းကျေးရွာတရွာကိုလည်း စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် တဲ ၁ လုံးနဲ့ ကွမ်းခြံ ၁ ခြံ ပျက်စီးခဲ့သေးတယ်လို့ သိရပါတယ်။

၂၀၂၁ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၆ မတ်လ ၃၀ ရက်အထိ စစ်ကော်မရှင်နဲ့ ၎င်းရဲ့ လက်အောက်ခံတွေကြောင့် သေဆုံးခဲ့ရတဲ့ပြည်သူ ၇,၉၅၂ ဦးအထိ ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း – AAPPက ထုတ်ပြန်ထားပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။