လူငယ်တွေကိုပေါ်တာဆွဲနေတဲ့ အုတ်ဖိုကပျူစောထီး ၁ ဦး ပစ်သတ်ခံရ

0 7
0 7

အုတ်ဖို၊ မတ် ၂၈၊ ၂၀၂၆။

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ကျေးရွာ၊ အောင်သုခရပ်ကွက်နေ ပျူစောထီး ၁ ဦးပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ မတ်လ ၂၇ ရက်မှာ သာယာဝတီခရိုင် တပ်ရင်း ၂၊ တပ်ခွဲ ၅ က သတင်းထုတ်ပြန်ပါတယ်။

ပစ်သတ်ခံရသူဟာ အသက် ၄၅ နှစ်အရွယ် မောင်ဆန်းဆိုသူဖြစ်ပြီး မတ်လ ၂၀ ရက်ည ၁၀ နာရီခွဲမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“ကျနော်တို့လည်းအိမ်ထဲအဝင် အသံကြားတာနဲ့(သူတို့က)ပြေးတာ။ သူနဲ့ ပျူခေါင်းဆောင်က အဲ့အိမ်မှာအတူရှိတာ။ တခြားသူတော့မတွေ့ဘူး။ သူတို့ပြေးတာမြင်တော့ နောက်ကလိုက်ဖမ်းရင်း တောစပ်နားမှာ ခေါင်းကိုပစ်ဖမ်းရင်း ကျည်ထိသေတာ”လို့ သာယာဝတီခရိုင် တပ်ရင်း ၂၊ တပ်ခွဲ ၅ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဒီပစ်ခတ်မှုအတွင်း မောင်ဆန်းကတော့ ဦးခေါင်းကျည်ထိဒဏ်ရာနဲ့ နေရာမှာပဲသေဆုံးပြီး ပျူစောထီးခေါင်းဆောင်ဆိုသူကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

ပစ်ခတ်ခဲ့တဲ့နေရာဟာ တိမ်မြုပ်ကျေးရွာအနီးရှိ ခမရ ၆ တပ်နဲ့နီးတာကြောင့် အမြန်ပစ်ခတ်ပြီး ပြန်လည်ဆုတ်ခွာလာရတယ်လို့ သိရပါတယ်။

ပျူစောထီးမောင်ဆန်းဟာ စစ်ကော်မရှင်တပ်ရဲ့အမာခံထောက်တိုင်ဖြစ်ပြီး ၂၀၂၂ ဇန်နဝါရီ ၁၆ ရက်ကလည်း CDM သူနာပြုဆရာမ မမေဇွန်မိုးကို ခမရ ၆ တပ်ရင်းက စစ်ကော်မရှင်တပ်ဖွဲ့ဝင်အချို့နဲ့အတူ အဓမ္မပြုသတ်ဖြတ်ရာမှာပါဝင်တဲ့အပြင် စစ်တပ်ဆီသတင်းပေးတိုင်ကြာဖမ်းဆီးခိုင်းတာနဲ့ ပေါ်တာဆွဲရာမှာလည်းပါဝင်တဲ့အတွက် ခုလိုပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

မတ်လ ၂၅ ရက်ကလည်း သဲကုန်းမြို့နယ်၊ ညောင်ဝင်းကျေးရွာအုပ်ချုပ်ရေးမှူး ဇော်မင်း ခ ကုလား နေအိမ်မှာ ပစ်သတ်ခံရလို့သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။