myaelatt athan

Sharing Information to the Local

ဝက်လက်မှာ တောင်သူချင်း အချင်းများရာက ၁ ဦးအသတ်ခံရ

0 5
0 5

ဝက်လက်၊ မတ် ၂၃၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေပန်းကုန်းရွာမှာ တောင်သူ ၂ ဦးအချင်းများရာက ၁ ဦးခေါင်းဖြတ် သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ်လ ၂၁ ရက်မနက်ပိုင်းမှာ ရွှေပန်းကုန်းရွာနေ အသက် ၅၀ အရွယ် ဇော်မျိုးလှိုင် (ခ) မော့တော့နဲ့ အသက် ၇၀ အရွယ် ဦးတင်သန်းတို့ဟာ ၎င်းတို့ပိုင် ကပ်လျက်လယ်ကွက်အတွင်း အလုပ်လုပ်နေရာကနေ အချင်းများပြီး ဇော်မျိုးလှိုင် (ခ) မော့တော့ က ဓါးနဲ့ခုတ်သတ်ခဲ့တာလို့ ဆိုပါတယ်။

“လယ်ချင်းကပ်လျက်ကို အချင်းချင်းမတည့်ကြတာ၊ မတည့်ကြတော့ သတ်ခံရတဲ့ လူကနေပြီး ဟိုဖက်အခင်းနဲ့ လယ်ကြားထဲကို ဆူးကိုင်းချတာတွေ ဘာတွေလုပ်တာ၊ ဖြစ်ချင်တော့ မနေ့က သတ်ခံရတဲ့သူက သတ်တဲ့လူ လယ်ကွက်ဖက်ကို၊ ငှက်ပျောခင်းဖက်ကို ပေါင်းသတ်ဆေးဆိုလား၊ ပိုးသတ်ဆေးဆိုလား သွားဖြန်းတာ၊ အဲဒါ မခံနိုင်တော့ကျ သတ်မိသွားတာ။” လို့ ဒေသခံတဦးက ပြောပါတယ်။

လူသတ်မှုဖြစ်စဉ်ကို မျက်မြင်သိသူ မရှိခဲ့ပေမယ့် ကျူးလွန်သူ ဇော်မျိုးလှိုင် (ခ) မော့တော့ ကိုယ်တိုင်က ရပ်ကျေးပအဖဆီမှာ လာရောက် အဖမ်းခံခဲ့တာလို့ အထက်ပါဒေသခံက ဆိုပါတယ်။

“ဟိုတိုင်းဆို ဘယ်သူမှမသိဘူး၊ သူကိုယ်တိုင်ကိုက ပအဖရုံးကို လာပြီးတော့ လာပြောတာပေါ့၊ သူလူသတ်ခဲ့တယ် ဆိုတဲ့အကြောင်း။” လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဇန်နဝါရီ ၂၂ ရက်ကလည်း ဝက်လက်မြို့နယ်၊ ကျီးကန်ရွာက ကျေးရွာလမ်းကော်မတီ အဖွဲ့ဝင် စပါးပွဲစား ၁ ဦး ရွာတော်ရွာနဲ့ မဲကုန်းရွာကြားမှာ ပစ္စတိုနဲ့ ဦးခေါင်းကိုပစ်သတ်ခံခဲ့ရပြီး ဖေဖော်ဝါရီလ ၁၂ ရက်မှာလည်း ဝက်လက်မြို့နယ်၊ ရွာသာကြီးရွာ အသက် ၅၀အရွယ် လင်မယား ၂ ဦး သူတို့ပိုင် လယ်ကွက်တွေမှာပဲ ပေါက်ပြားနဲ့ ခုတ်သတ်ခံခဲ့ရတဲ့ဖြစ်စဥ်တွေ ရှိခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။