ဝက်လက်မှာစစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်နဲ့ PDFတွေတိုက်ပွဲဖြစ်ပြီး စစ်ကော်ရှင်တပ်သား ၆ ဦးသေဆုံး၊ နေအိမ်တချို့လည်းမီးလောင်

0 0
0 0

ဝက်လက်၊ ဖေဖော်ဝါရီ ၁၆၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၆ ဦးသေဆုံးကာ ပြည်သူနေအိမ်အချို့ မီးလောင်ပျက်စီးထားတယ်လို့ ဝက်လက်မြို့နယ်ပလဖနဲ့ပကဖထံက သိရပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက် ဒီကနေ့မနက် ၆ နာရီခန့်မှာ ရှားကွဲရွာကနေထွက်လာတဲ့အင်အား ၂၀၀ ကျော်ပါ စစ်ကော်မရှင်တပ်စစ်ကြောင်းနဲ့ PDFပူးပေါင်းတပ်တွေအကြား ရေဖြူကျေးရွာလမ်းဆုံအနီးမှာ တိုက်ပွဲတွေပြင်းထန်ခဲ့တာလို့ ဆိုပါတယ်။

” ဒီနေ့ ခရိုင်အမှတ် ၃ လမ်းပေါ်ထိဆက်လာလို့ တိုက်ပွဲဖြစ်နေတာ။ ခုထိတော့ဖြစ်နေတုန်း **တွေဘက်ကအထိနာပြီး ရုပ်အလောင်းတွေတောင်မကောက်နိုင်တာရှိတယ်။ အရေအတွက်တော့ မသိရသေးဘူး။ မနေ့ကတည်းက မီးလောင်ဗုံးတွေ၊ ဟောင်ဝစ်ဇာတွေနဲ့ပစ်တာရှိတယ်။ ခရိုင်ချင်းဆက်လမ်းဘက်တွေချတာ”လို့ ဝက်လက်မြို့နယ်ပလဖတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်အလောင်း ၆ လောင်းရရှိထားပြီး အထိနာတဲ့စစ်ကော်မရှင်စစ်ကြောင်းဟာ သစ်ဆိမ့်ရွာကိုဆုတ်ခွာသွားခဲ့ကာ ဒရုန်းဗုံးစထိမှန်တာကြောင့် ရွှေဘိုခရိုင်တပ်ရင်း ၁ တပ်ဖွဲ့ဝင် ၁ ဦး (မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့တယ်လို့ ဝက်လက်မြို့နယ်ပကဖတာဝန်ခံထံက သိရပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ ဖေဖော်ဝါရီ ၁၂ ရက်မှာ ကျောက်မြောင်းအခြေစိုက် ခမရ ၁၂ ကနေ စတင်ထွက်ခွာလာတာဖြစ်ပြီး ဖေဖော်ဝါရီ ၁၄ ရက်မှာ ရှားကွဲ၊ ချောင်းမီးတို၊ ရေဖြူကျေးရွာတွေကို လက််နက်ကြီး၊ ဒရုန်းအသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မီးလောင်ဗုံးတွေဟာ ချောင်းမီးတိုနဲ့ရှားကွဲရွာအကြား တောက်ပကြယ်ကုန်စုံဆိုင်ပေါ်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး ကုန်စုံဆိုင်အပါအဝင်နေအိမ် ၃ လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်တပ်စစ်ကြောင်းထိုးနေလို့ ရေကမိုး၊ ရွာသစ်၊ ထုံးဘို၊ သစ်ဆိမ့်၊ ရှားကွဲ၊ တောကြီး၊ ဂူကြီး၊ ငါးဘတ်ချောင်း၊ ရေဖြူ၊ ချောင်းမီးတို၊ သရက်ပင်ဆိပ်ရွာတွေအပါ ကျေးရွာ ၁၁ ရွာလောက်က ဒေသခံ ၁ သောင်းကျော် တိမ်းရှောင်ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။