ပြည်သူ့စစ်တွေက ရွာသားအချင်းချင်းပစ်သတ်မိပြီး သေဆုံးသူတွေဟာ PDF တွေလို့ ဝါဒဖြန့်

0 1
0 1

မြေလတ်အသံ၊ ဇန်နဝါရီ ၂၈၊ ၂၀၂၅။

အရာတော်မြို့နယ်ထဲက ပျူစောထီးအားကောင်းတဲ့ရွာမှာ ပြည်သူ့စစ်အဖွဲ့ဝင်တွေမှားယွင်းပစ်သတ်မိတဲ့ အမျိုးသား ၃ ဦးဟာ PDF တွေဖြစ်တယ်လို့ စစ်ကောင်စီထောက်ခံတယ်လီဂရမ်ချန်နယ်တွေမှာ သတင်းလွှင့်နေကြပါတယ်။

ဇန်နဝါရီ ၂၇ရက် နေ့လယ် ၁နာရီဝန်းကျင်မှာ သစ်ကျင်းကြီးရွာသား ၃ ဦး ရေချိုးပြီးအပြန်မှာ PDF တွေရွာနားကပ်တယ်လို့ သတင်းရပြီး သစ်ကျင်းကြီးရွာအခြေစိုက် ပျူစောထီးတွေက ကြိုစောင့်ကာပစ်ခတ်ခဲ့ကြတာပါ။

နေ့လယ် ၁ နာရီခွဲဝန်းကျင်မှာ သေနတ်ပစ်သံကြားလို့ သတင်းစုံစမ်းကြည့်ရမှာ သေဆုံးသူ ၃ ဦးဟာ သစ်ကျင်းကြီးရွာသားတွေဖြစ်ကြပြီး စစ်ကောင်စီကိုထောက်ခံတဲ့ လက်နက်ကိုင်မဟုတ်တဲ့ အရပ်သားတွေဖြစ်တယ်လို့ မုံရွာခရိုင် PDF တပ်ရင်းတခုရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

” Dead body ကိုကြည့်လိုက်တော့ သူတို့လူအချင်းချင်းဖြစ်နေကြတော့ ဘယ်လိုလုပ်လဲဆိုတော့ PDF တွေဖြစ်တယ်၊ PDF တွေလာလို့ သူတို့ပစ်ရပါတယ်ဆိုပြီး သူတို့လိုင်းပေါ်မှာတင်တာပေါ့” လို့ ပြောပါတယ်။

သေဆုံးသွားသူတွေဟာ အသက် ၄၀အရွယ် ကိုဖိုးဇော်၊ အသက် ၁၆ နှစ်အရွယ် မောင်ဆန်းသူချစ်နဲ့ အသက် ၁၄ နှစ်အရွယ် မောင်ဝတုတ် တို့ဖြစ်ပြီး သစ်ကျင်းကြီးရွာသားတွေပဲဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့်ချန်နယ်ဖြစ်တဲ့ သဇင်ဦးရဲ့တယ်လီဂရမ်အပါအဝင် ချန်နယ်အချို့မှာ PDF အလောင်း ၃ လောင်းနဲ့အတူ ပစ္စတိုသေနတ် ၁ လက်၊ စကားပြောစက် ၁ လုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သိမ်းဆည်းရရှိခဲ့တယ်လို့ ဝါဒဖြန့်ထားတာကိုတွေ့ရပါတယ်။

သစ်ကျင်းကြီးကျေးရွာဟာ အရာတော်မြို့နယ်အခြေစိုက် အမှတ် ၃၆၉ အမြှောက်တပ်နဲ့ အနီးဆုံးကျေးရွာဖြစ်ပြီး အဲ့ဒီရွာမှာ စစ်ကောင်စီတပ်စိတ်တစိတ် အမြဲတမ်းရှိတဲ့အပြင် ရွာခံပြည်သူ့စစ်ခေါင်းဆောင် ရွှေထွန်းဆိုသူဦးဆောင်တဲ့ ပျူစောထီးအင်အား ၅၀ ခန့်က စခန်းဆောက်ပြီး တပ်စွဲထားတာဖြစ်တယ်လို့ သိရပါတယ်။

“သူတို့အချင်းချင်းတောင် မလုံခြုံတော့ဘူးပေါ့။ ဒါဟာ ထင်ရှားတဲ့သက်သေပဲလေ။ အမြင်မှန်ရပြီးတော့ ပြည်သူတွေနဲ့ ပူးပေါင်းစေချင်ပါတယ်။” လို့ မုံရွာခရိုင် PDF တပ်ရင်းတခုရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

သစ်ကျင်းကြီးကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေက ပူးပေါင်းကာ ၃ ကြိမ်ခန့် တိုက်ခိုက်ဖူးပြီး ပြည်သူ့စစ်အခြေစိုက်ကျေးရွာဖြစ်လို့ ဖြတ်တောက်ရေးတွေလည်း ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

သတင်း – ငြိမ်းချမ်းမေ၊ စာတည်း – ဈာန်မြင့်

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။