ပဲခူးရိုးမအခြေမှာ မိုင်းဆွဲခံရလို့ စစ်ကောင်စီစစ်သားတွေ စောင်ပုခက်နဲ့ ထမ်းသယ်သွားရသေဆုံး

0 0
0 0

ပဲခူး၊ ဇွန် ၁၆၊ ၂၀၂၃။

ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ပဲခူးရိုးမခြေရင်း ရွှေလေးကြိုးဝိုင်းထဲက စစ်ကောင်စီစစ်ကြောင်းကို ဇွန်လ ၁၄ ရက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PPDF ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။

အင်အား ၃၀ ဦးကျော်လောက်ပါတဲ့ စစ်ကြောင်းကစစ်သားအချို့ဟာ ရွှေလေးကြိုးဝိုင်း ဧက ၅၀၀ အကွက်အမှတ် ၄၀ ထဲက ယာစောင့်တဲအတွင်းဝင်ရောက်ချိန် အသင့်ထောင်ထားတဲ့ အဝေးထိန်းမိုင်း ၂ လုံးနဲ့ မနက် ၈ နာရီလောက်မှာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီစစ်သား ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

“စစ်သား ၈ ဦးလောက်က တဲထဲကိုဝင်မယ့်အချိန် ကျနော်တို့က ယာတဲထဲကဖျာကြမ်းအောက်မှာ မြေတူးမြုပ်ထည့်ထားတဲ့ ဓါတ်ဗူးအသေးအရွယ် ၆ ပိဿာခွဲလေးတဲ့ မိုင်း ၂ လုံးနဲ့ခွဲလိုက်တာ။ စစ်သားတွေလည်းဒဏ်ရာရ တဲလက်ပျက်ရောပဲ” လို့ PPDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

တိုက်ခိုက်မှုအပြီး စစ်ကြောင်းဟာ ဒဏ်ရာရလူနာတွေကို စောင်ပုခက် ၅ ဆိုင်းနဲ့ထမ်းကာ လဲပင်ကျေးရွာဘက် ထွက်သွားတာကို မြင်ခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ပြည်ခရိုင် PDF တပ်ရင်း၊ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ၃၆၀၁ PPDF တပ်ရင်းတပ်ခွဲ -၂ က လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်မနက် ၁၁ နာရီလောက်ကလည်း အဲဒီစစ်ကြောင်းဟာ ပေါင်းတည်မြို့နယ်၊ ရွှေလေးကြိုးဝိုင်း၊ သစ်ဖြူချောင်းအနီးကို အင်အား ၃၅ ဦးလောက်နဲ့ စစ်ကြောင်းထိုးလာတာကို PPDF တပ်ဖွဲ့က လက်နက်ငယ်နဲ့ တိုက်ခိုက်ခဲ့လို့ စစ်သားတဦး သေဆုံးခဲ့ပါသေးတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။