စီးနင်းခံရတဲ့ ညောင်ပင်ကြီးရဲစခန်းဝန်းကျင်ရှိ အိမ်တွေကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ဧရိယာတိုးချဲ့

0 1
0 1

စစ်ကိုင်း၊ ဇွန် ၁၄၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်း စီးနင်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက အင်အားဖြည့်တင်းထားကာ ရဲစခန်းဧရိယာတွေလည်း ချဲ့ထွင်နေတယ်လို့ ဒေသခံတပ်ဖွဲ့တွေဆီက သိရပါတယ်။

ဇွန်လ ၉ ရက်ကနေ ဒီနေ့အချိန်ထိ ၅ ရက်ဆက်တိုက် ညောင်ပင်ကြီးတဝိုက်ကို မီးရှို့နေတာဖြစ်ပြီး မြစ်ကမ်းနားကနေ ရဲစခန်းနောက်ဘက်သင်္ချိုင်းကုန်းထိ တပ်နယ်မြေသတ်မှတ်မယ်ဆိုကာ နေအိမ်နဲ့လမ်းတွေကို မြေတူးစက်နဲ့ဖျက်ဆီးပြီး တပ်ပိုင်မြေဆိုင်းဘုတ်တွေ ကပ်ထားတယ်လို့လည်း ဓားမဆိုင်းတပ်မတော်တာဝန်ခံ ဗိုလ်စွမ်းက ပြောပါတယ်။

“ပတ်ဝန်းကျင်ကို ရှင်းလင်းရေးလုပ်ပြီး သူတို့တပ်နယ်ချဲ့မယ့်ပုံစံရှိတယ်၊ ကြားတာတော့ ညောင်ပင်ကြီးတရွာလုံးကို တပ်ပိုင်မြေလုပ်မယ်တဲ့၊ ခုလည်း ရွာအနီးအနားက မပြေးနိုင်တဲ့သက်ကြီးပိုင်းတွေ၊ မရှောင်ရသေးတဲ့သူတွေကို ကယ်ထုတ်နေရတယ်၊ မီးရှို့နေတာကတော့ ကျည်ကွယ်၊ မျက်ကွယ်မရှိတော့အောင် လုပ်တဲ့သဘောပဲ။” လို့ ကယ်ဆယ်ရေးလုပ်နေတဲ့ မိုးကြိုးကျည်ဆံပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော်တဦးက ပြောပါတယ်။

အခုလက်ရှိ ရဲစခန်းရဲ့ နောက်ကျောကပ်ရက်က သိမ်တော်ရပ်ကွက်၊ ရဲစခန်းအရှေ့ဘက်က ထန်းတောရွာ၊ ရဲစခန်းမြောက်ဘက်က နှင်းတောရွာနဲ့ ရွာရှည်၊ အိုမ၊ မင်္ဂလာကုန်း စတဲ့ရွာတွေကို မီးရှို့တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“အိမ်တွေ၊ လမ်းတွေကို ဘူဒိုဇာနဲ့ထိုးပြီး ဘန်ကာအခိုင်မာဆောက်နေတယ်၊ ဆောက်လို့ပြီးသွားရင်တော့ စစ်ကြောင်းပြန်ထိုးမယ်လို့ မျှော်လင့်တာပဲ၊ ရဲစခန်းပတ်လည်ကအိမ်တွေဆို ပြန်လို့မရတော့ဘူး၊ အိမ်လည်းမရှိတော့ဘူး၊ မြေလည်းမရှိတော့ဘူး အဲ့လိုဖြစ်သွားပြီ။” လို့ ဆားလင်းကြီးနယ်ခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၉ ရက် ညနေ ၅ နာရီက ညောင်ပင်ကြီးရဲစခန်းကို ကာကွယ်ရေးတပ်ပေါင်းစုနဲ့ လွိုင်ကော်အခြေစိုက် Buffalo PDFက သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦးကျော်သေဆုံးကာ လက်နက်အများအပြား သိမ်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။