ရဲစခန်းရှေ့ဂိတ်ချထားတဲ့ စစ်ကောင်စီတပ်သားတွေ ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ၁ ဦးသေ

0 1
0 1

စစ်ကိုင်း၊ ဇွန် ၁၃၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်း ရဲစခန်းရှေ့ရှိ ကားလမ်းမပေါ်မှာဂိတ်ချထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဇွန်လ ၁၀ ရက်မနက် ၈ နာရီလောက်မှာ ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၁ ဦး သေဆုံးခဲ့တယ်လို့ စစ်ကိုင်းခရိုင်တပ်ရင်း – ၆ တပ်ခွဲ (၂) ဆီက သိရပါတယ်။

စစ်သားနဲ့ရဲတပ်သား အင်အား ၇၀ ကျော်ရှိတဲ့ ညောင်ပင်ဝန်းရဲစခန်းထဲကနေ စစ်ကောင်စီတပ်သား ၄ ဦးက ကားလမ်းမဘေးမှာ ဂိတ်ချပြီး လမ်းသွား၊လမ်းလာပြည်သူတွေဆီက ငွေကြေးတောင်းယူနေတာကြောင့် ဒရုန်းနဲ့ ဗုံးသီး ၂ လုံးချ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ စစ်ကိုင်းခရိုင်တပ်ရင်း – ၆ တပ်ခွဲ (၂)မှ တပ်ရင်းမှူးက ပြောပါတယ်။

“ပထမဆုံး ဗုံးသီးတလုံး ချလိုက်တဲ့အချိန်မှာ စကစတကောင်က တခါတည်း ခွေခနဲလဲကျသွားတယ်။ ဗွီဒီယိုဖိုင်ထဲမှာလည်း တွေ့ရတယ်။ လောလောဆယ် ဒီတကောင်ပဲသေတယ်လို့ အတည်ပြုထားနိုင်တယ်”လို့ ဆိုပါတယ်။

အဲ့ဒီဂိတ်မှာ အထိုင်ချနေတဲ့စစ်သားတွေဟာ ပြည်သူတွေအနေနဲ့ ဆိုင်ကယ်ကို ၂ ဦးစီးလာရင်ဖမ်းကာ တဦးကို ၃ သောင်းကျပ်အထိ ငွေတောင်းယူနေပြီး၊ ဒီလိုလုပ်ဆောင်တာဟာ စစ်အာဏာသိမ်းချိန်ကတည်းကဖြစ်သလို အဲ့ဒီနေရာကို စစ်ကိုင်းခရိုင် တပ်ရင်း – ၆ ကလည်း မကြာခဏဆိုသလို တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ တပ်ရင်းမှူးက ဆက်ပြောပါတယ်။

“ဒီကောင်တွေ အဲ့နေရာမှာ အမြဲတမ်းနေတာတော့မဟုတ်ဘူး။ စခန်းကနေထွက်လာပြီး ဂိတ်ချကာ တောင်းစားလိုက်၊ ကျနော်တို့တိုက်ခိုက်ရင် စခန်းထဲပြန်ဝင်လိုက် အဲ့လိုလုပ်နေတာ”လို့ ဆိုပါတယ်။

ဒီတိုက်လိုက်မှုကို စစ်ကိုင်းခရိုင်တပ်ရင်း – ၆ တဖွဲ့တည်းကပဲ ပြုလုပ်ခဲ့တာဖြစ်သလို ပြီးခဲ့တဲ့မေလ ၃ ရက် မနက် ၆ နာရီလောက်မှာလည်း မဟာမိတ်ပူးပေါင်းအဖွဲ့ ၃ ဖွဲ့ပေါင်းပြီး ညောင်ပင်ဝန်းရဲစခန်းကို ဒရုန်းနဲ့ဗုံးသီး ၅ လုံးချ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။