ညောင်ပင်ကြီးရဲစခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီက ‌လေကြောင်းပစ်ကူသုံးလို့ ပြည်သူတချို့ထိမှန်

0 1
0 1

စစ်ကိုင်း၊ ဇွန် ၉၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းကို ကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူ အဆမတန်အသုံးပြုတာကြောင့် ပြည်သူတချို့ ထိမှန်တာတွေရှိတယ်လို့ သိရပါတယ်။

ဇွန်လ ၉ ရက် ဒီ‌နေ့ ညနေ ၆ နာရီလောက်မှာ ပစ်ခတ်မှုတွေ စတင်နေတာဖြစ်ပြီး ၆ နာရီ ၁၅ မိနစ်မှာ လေကြောင်းတက်လာကာ တိုက်ခိုက်မှုဖြစ်ရာ ဝန်းကျင်ကို ၅ ခေါက် လှည့်ပတ်ပစ်ခတ်သွားတာလို့ ဆိုပါတယ်။

“ပထမတော့ ကိုယ့်ဘက်က ဦးအောင်ပစ်တာပဲ၊ ပစ်တဲ့ချိန် ဝမ်ပေါင်ကလည်း မလှမ်းမကမ်းဆိုတော့ ကောင်တာပြန်ပေးတယ်၊ မုံရွာဘက်ကလည်း လက်နက်ကြီး ပစ်ကူပေးတယ်၊ ကျနော်တို့လည်း ပြန်ဆုတ်ခဲ့ရတာ၊ ပြည်သူတွေလည်း (ရွာထဲကနေ)ထွက်လို့ မရတာတွေရှိတယ်”လို့ ရဲဘော်တဦးက ပြောပါတယ်။

ရဟတ်ယာဉ်တစီးနဲ့ပစ်ခတ်ချိန် ရွာသားအမျိုးသမီးတဦး၊ အမျိုးသားတဦးထိမှန်ထားပြီး အမျိုးသမီးကတော့ မျက်စိထိမှန် ဒဏ်ရာရထားကာ ရဲဘော် ၂ဦးလည်း ဒဏ်ရာရထားတယ်လို့ ဆိုပါတယ်။

“လေယာဉ်နဲ့ ၄၅ မိနစ်လောက်တော့ ပတ်ပြီးပစ်သွားတယ်” လို့ ဒေသခံ တဦးက ဆိုပါတယ်။

ကျောက်မျက်တောင်ဘက်ကနေ ညောင်ပင်ကြီးရဲစခန်းဘက်ကို စစ်ကူစစ်ကြောင်းထွက်လာနေကာ မုံရွာဘက်ကနေလည်း လက်နက်ကြီးပစ်ကူတွေပေးနေလို့ ရဲစခန်းအနီးတဝိုက်မှာရှိတဲ့ ကျေးရွာ ၈ ရွာနီးပါးက ပြည်သူတွေကတော့ ဘုန်းကြီးကျောင်းတွေထဲမှာ ပုန်းခိုနေရတယ်လို့ သိရပါတယ်။

အခုအခါမှာ စစ်ကောင်စီဟာ ညောင်ပင်ကြီးရဲစခန်းမှာ အင်အားဖြည့် ပြန်လည်တပ်စွဲထားပြီး အနီးအနားက ကျေးရွာတွေကို မီးရှို့နေတဲ့သဘောရှိနေသလို တိုက်ပွဲမှာ ကျဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းတွေကိုလည်း လိုက်လံကောက်ယူနေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အခုတိုက်ပွဲဖြစ်တဲ့ ညောင်ပင်ကြီးရဲစခန်းဟာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နဲ့ ချင်းတွင်းမြစ်တခုသာ ခြားတာ ဖြစ်ပါတယ်။

စာတည်း – လင်းဇေ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။