အောင်လံမှာ စစ်ကောင်စီလက်အောက်အုပ်ချုပ်ရေးမှူး သေနတ်ပစ်ခံရလို့ ဒဏ်ရာပြင်းထန်

0 1
0 1

မကွေး၊ ဇွန် ၉၊ ၂၀၂၃။

မကွေးတိုင်း၊ သရက်ခရိုင်၊ အောင်လံမြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူး ၁ ဦး ဇွန်လ ၈ ရက် မနေ့ ည ၈ နာရီခန့်မှာ သေနတ်နဲ့ပစ်ခံရလို့ ဒဏ်ရာပြင်းထန်ရသွားတယ်လို့ သိရပါတယ်။

ပစ်ခတ်ခံရသူဟာ အောင်လံမြို့နယ်၊ ဥယျာဥ်ကျေးရွာ အုပ်ချုပ်ရေးမှူး အသက် ၄၀ ဝန်းကျင်ရှိ သောင်းစိုးဦး ဆိုသူဖြစ်ပြီး အောင်လံကနေ ဥယျာဥ်ရွာဘက်ကို ဆိုင်ကယ်နဲ့ပြန်လာချိန် အနီးကပ်ပစ်ခတ်ခဲ့တာလို့ အောင်လံ PDF တပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

“သူမြို့က ပြန်လာတာကိုစောင့်ကြည့်ပြီး ရွာနားအရောက်လောက်မှာ ၄ ချက်လောက် ပစ်ခတ်ခဲ့တာ။ လက်မောင်းနဲ့ ခါးပိုင်းတွေမှာ သေနတ်ကျည်တွေထိခဲ့တယ်။ သေတော့မသေသေဘူး ဒဏ်ရာပြင်း ထန်ရသွားတယ်လို့ သိရတယ်”လို့ ပြောပါတယ်။

ဥယျာဥ်ကျေးရွာအုပ်ချုပ်ရေးမှူးဟာ ဒေသခံ PDF တွေကို စစ်ကောင်စီတပ်ကဖမ်းဆီးရာမှာ ဦးဆောင်လမ်းပြပေးတာအပြင် CDM ဝန်ထမ်းတွေနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို အားပေးထောက်ခံသူတွေကို ဖိအားပေးအခက်အခဲဖြစ်အောင် လုပ်ဆောင်မှုတွေရှိတာကြောင့် ပစ်ခတ်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

သေနတ်နဲ့ပစ်ခံရတဲ့ အုပ်ချုပ်ရေးမှူးမှာ ပြင်းထန်ဒဏ်ရာတွေရသွားတာကြောင့် အောင်လံဆေးရုံကိုပို့ပြီး ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့ ညပိုင်းကလည်း အောင်လံမြို့နယ်၊ တလပါးကျေးရွာ အုပ်ချုပ်ရေးမှူး တပည့်ဖြစ်သူ ဝင်းထွေး နေအိမ်မှာရှိနေချိန် သေနတ်သမားတွေကဝင်ပစ်လို့ သေဆုံးသွားတယ်လို့ သိရပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။