ညီညွတ်မှုကိုပြသဖို့ Unity Column ရဲ့ စစ်ရေးပြအခမ်းအနားပြုလုပ်ခဲ့ဟု ဆို

0 4
0 4

ပုလဲ၊ ဇန်နဝါရီ ၁၉၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းမှာ ယင်းမာပင်ခရိုင် တပ်ရင်း ၄ ခုပါဝင်တဲ့ ပုလဲမြို့နယ်စစ်ကြောင်း – Unity Column ရဲ့ စစ်ရေးပြအခမ်းအနားကို ဇန်နဝါရီ ၁၅ ရက်မှာ ကျင်းပခဲ့တယ်လို့ စစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူတဦးဆီက သိရပါတယ်။

Unity Column ရဲ့ ပထမအကြိမ်သင်တန်းဆင်းပွဲကို ဇန်နဝါရီ ၁၅ ရက်က ကျင်းပခဲ့တာဖြစ်ပြီး ယင်းမာပင်ခရိုင်တပ်ရင်း ၆၊ ခရိုင်တပ်ရင်း ၁၀၊ ခရိုင်တပ်ရင်း ၁၂ နဲ့ ခရိုင်တပ်ရင်း ၃၈ တို့ ကနဦး ပူးပေါင်းဖွဲ့စည်းထားတာလို့ ပြောရေးဆိုခွင့်ရှိသူတဦးက ဆိုပါတယ်။

လက်ရှိ ပုလဲမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေအချင်းချင်း ပဋိပက္ခတွေ ဖြစ်နေတာကြောင့် ပုလဲမြို့နယ်တွင်းတပ်ရင်းတွေကို မကူညီတော့တာတွေရှိလာပြီး အခုလို ညီညီညွတ်ညွတ်စုဖွဲ့ထားတဲ့ စစ်ကြောင်းတွေလည်းရှိကြောင်း ပြသတာလို့ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။

“ပွတ်တိုက်မှုတွေရှိနေပေမယ့် ပြည်သူတွေကလည်း၊ တချို့ အင်တာနက်ပေါ်ကလူတွေကလည်း အဝေးကနေဆိုတော့ မသိကြဘူးပေါ့၊ ဒီလိုမျိုး ညီညီညွတ်ညွတ်နဲ့ စုဖွဲ့ထားတဲ့ စစ်ကြောင်းမျိုးတွေလည်း ရှိတယ်ဆိုတာ အဲဒီ Message မျိုးပေးချင်တယ်။” လို့ စစ်ကြောင်းတာဝန်ရှိသူတဦးက ပြောပါတယ်။

အခမ်းအနားမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်အလံကို အလေးပြုတာ၊ သိုင်းကစားတာတွေနဲ့ စစ်ရေးပြလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပြီး ယင်းမာပင်မြို့နယ်စစ်ကြောင်း – YMB Column နဲ့ ကနီမြို့နယ်စစ်ကြောင်း 9+ တို့အပါအဝင် တော်လှန်ရေးမဟာမိတ် အဖွဲ့အစည်းတွေက သဝဏ်လွှာတွေအသီးသီးပို့ခဲ့ကြတယ်လို့ သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။