ဖုတ်ကုန်းကျေးရွာ စခန်းစီးနင်းခံရလို့ ပကဖ တပ်ဖွဲ့ဝင်တချို့ သေဆုံးပြီး လက်နက်တွေပါသွား

0 1
0 1

စစ်ကိုင်း၊ ဇွန် ၂၊ ၂၀၂၃။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဖုတ်ကုန်းကျေးရွာ ပကဖစခန်း စီးနင်းခံရလို့ တပ်ဖွဲ့ဝင်တချို့ သေဆုံးပြီး လက်နက်တွေပါ သိမ်းဆည်းခံရလိုက်ရတယ်လို့ သိရပါတယ်။

ဇွန်လ ၁ ရက်နေ့ မနက် ၄ နာရီကျော်လောက်မှာ စစ်ကောင်စီနဲ့ပျူအင်အား ၅၀ ကျော်လောက်ဟာ ဖုတ်ကုန်းကျေးရွာ ပကဖ စခန်းတခုကို အလစ်အငိုက် ဝင်တိုက်ခိုက်သွားတာဖြစ်တယ်လို့ ကန့်ဘလူမြို့နယ် ပကဖ အဖွဲ့ဝင် ရဲဘော်အုပ်ကြီး ကပြောပါတယ်။

“ဖြစ်တဲ့အချိန်က မနက်အစောပိုင်း၊ ကင်းစောင့်တဲ့ရဲဘော်တွေ အိပ်ပျော်သွားတယ်နဲ့တူတယ်။ စကစနဲ့ပျူတွေက အလစ်ဝင်စီးပြီးတိုက်သွားတာ။ စခန်းစီးခံလိုက်ရတယ်ပေါ့။ ပစ်ခတ်မှုဖြစ်တော့ စကစဘက်က ရဲဘော်တချို့ကို နေရာမှာဘဲ ပစ်သတ်သွားတယ်။ လက်နက်တွေလဲ စကစဘက်က သိမ်းမိသွားတယ်။”လို့ ပြောပါတယ်။

စခန်းစီးနင်းခံရချိန် ကျန်ရဲဘော်အချို့ ဆုတ်ခွါခဲ့ရပြီး ရဲဘော် ၂ ဦးလည်း ပျောက်ဆုံးနေသေးတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီအဖွဲ့ရဲ့ စခန်းစီးနင်းခံရလို့ ရဲဘော်တွေအသုံးပြုနေတဲ့ ဆိုင်ကယ် ၁၅ စီးခန့်ကို စစ်ကောင်စီဘက်က မီးရှို့သွားပြီး လက်လုပ်သေနတ် အလက် ၂၀ ခန့်၊ စကားပြောစက်၊ မိုင်းအချို့ကို စစ်ကောင်စီဘက်က သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။

မေလ ၂၀ ရက်နဲ့ ၂၁ ရက်တွေမှာ စစ်ကောင်စီတပ်ဘက်က ဖုတ်ကုန်းကျေးရွာကို ဝင်ရောက်မီးရှို့ထားလို့ နေအိမ် ၂၀၀ နီးပါး မီးလောင်ပျက်စီးခဲ့ရပြီး ရွာထဲမှာ နေထိုင်ခြင်းမရှိဘဲ ထွက်ပြေးနေရလို့ ရွာထဲမှာ ဒေသခံတွေ မရှိဘူးလို့ သိရပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။