ပေါက်မှာ လေကြောင်းတိုက်ခိုက်ခံရလို့ ဒေသခံ ၃ ဦးသေဆုံး

0 1
0 1

မကွေး၊ ဖေဖော်ဝါရီ ၁၊ ၂၀၂၅။

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သရက်ကန်ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၃ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၁ ရက်ဒီမနက်အစောပိုင်း ၁၂ နာရီခွဲလောက်မှာ မိတ္ထီလာရှမ်းတဲလေတပ်ဘက်က တက်လာတဲ့ MiG 29 ဂျက်ဖိုက်တာ ၁ စီးပေါ်ကနေ သရက်ကန်ရွာမြောက်ပိုင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“အကြောင်းမရှိပဲ ပြည်သူတွေကိုတိုက်ခိုက်သွားတာ။ ရွာထဲမှာ PDF စခန်းလည်းမရှိ၊ ဘာမှလုပ်ကိုင်နေတာလဲမရှိဘဲနဲ့ လေကြောင်းတိုက်ခိုက်သွားတာ၊ ကိုဇော်လင်းစိုးတို့နေအိမ်ဆိုပျောက်သွားတာ၊ သူဘေးနားက အိမ်ကဆိုရင်တခြမ်းပဲ့သွားတယ်၊ အဲ့မှာအိပ်တဲ့လူ ၂ ယောက်ကဘာမှမဖြစ်သွားဘူး” လို့ ပေါက်မြို့နယ်ခံတဦးက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် သရက်ကန်းရွာနေ ကိုဇော်လင်းစိုးနဲ့ ဇနီးဖြစ်သူ၊ ရွာထဲမှာအလုပ်လာလုပ်တဲ့ ပခုက္ကူမြို့နယ်၊ သံဘိုရွာက ကိုဝက်ကြီးတို့ ၃ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သရက်ကန်ရွာက ကိုဖိုးကြာ၊ သံဘိုကျေးရွာက ကိုဝင်းအောင်နဲ့ ကိုလူပျိုကြီးတို့လည်း ထိခိုက်ဒဏ်ရာတွေရခဲ့ကာ စိုးရိမ်ရတဲ့အခြေအနေရှိတဲ့အတွက် ဆေးဝါးကုသပေးနေရတယ် လို့ ပေါက်မြို့နယ်ခံတဦးက ပြောပါတယ်။

အလားတူ နေအိမ် ၈ လုံးထိမှန်ပျက်စီးခဲ့ကာ သေဆုံးသူတွေကိုတော့ ဒီနေ့လယ်ပိုင်းမှာသင်္ဂြိုဟ်ပေးခဲ့တယ်လို့ ဆိုပါတယ်။သရက်ကန်ကျေးရွာဟာ လေကြောင်းတိုက်ခိုက်ခံရတာပထမအကြိမ်ဖြစ်ပြီး လက်ရှိမှာဒေသခံတွေ လည်း ရွာကတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။