အညာဒေသမှာ စစ်ရေးလှုပ်ရှားနေတဲ့ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲ

0 1
0 1

မြေလတ်အသံ၊ ဖေဖော်ဝါရီ ၁၊ ၂၀၂၅။

အညာဒေသမှာ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတဲ့ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ -YRFရဲ့ အပတ်စဥ် ၇ အခြေခံစစ်ပညာ သင်တန်းဆင်းပွဲကို ဇန်နဝါရီ ၃၀ ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ အဲ့ဒီတပ်ဖွဲ့ကတဆင့် သိရပါတယ်။

သင်တန်းဆင်းပွဲ အခမ်းအနားမှာ ဗဟိုကော်မတီ တပ်ဖွဲ့ဝင်တဦးက ဂုဏ်ပြုအမှာစကားပြောတာ၊ ဆုရတပ်ဖွဲ့ဝင်တွေကို ဂုဏ်ပြုဆု ချီးမြှင့်တာ၊ တပ်မှူးကို သင်တန်းဆင်း တပ်ဖွဲ့ဝင်တွေက စစ်ကြောင်းချီတက် အလေးပြုတာ စတဲ့အစီအစဥ်တွေ ပါဝင်ခဲ့ပြီး သင်တန်းဆင်းပွဲကို မဟာမိတ်တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံပြည်သူတွေ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

၄၅ ရက်ကြာ သင်ကြားခဲ့ရတဲ့ အဆိုပါ အခြေခံစစ်ပညာသင်တန်းမှာ တပ်ဖွဲ့ဝင် အယောက် ၂၀ ကျော် သင်တန်းပြီးမြောက်အောင်မြင်ခဲ့ပြီး စစ်အာရှင်စနစ်ကို အမြစ်ဖျက်တိုက်ထုတ်နိုင်ဖို့အတွက် တပ်ဖွဲ့ဝင်အသစ်တွေကိုလည်း ဖိတ်ခေါ်တယ်လို့ ဗဟိုကော်မတီဝင်တဦးက ပြောပါတယ်။

“စစ်အုပ်စုရဲ့ စစ်မှူထမ်းခေါ်ယူတာက အတောသတ်မှာ၊ ရပ်မှာ မဟုတ်တဲ့အတွက်ကြောင့်၊ စစ်အုပ်စု စိုးမိုးနိုင်တဲ့ ဒေသတွေကိုသာ ခြောက်လှန့်နေတာဖြစ်တဲ့အတွက် စစ်အာဏာရှင်စနစ်ကို အမြစ်ပျက်တိုက်ဖျက်ဖို့ဆိုရင် လက်နက်ကိုင်တော်လှန်မှသာဖြစ်တဲ့အတွက် ကျနော်တို့တပ်ကနေတဆင့် တော်လှန်ရေးလမ်းကြောင်းကို လျှောက်လှမ်းဖို့ ဖိတ်ခေါ်ပါတယ်။”လို့ YRFတပ်ဖွဲ့ရဲ့ ဗဟိုကော်မတီဝင်တဦးက ပြောပါတယ်။

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ -YRFဟာ ယခင်က မန္တလေး‌တိုင်းထဲမှာ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး အခုလက်ရှိကတော့ စစ်ကိုင်းတိုင်းထဲက မြို့နယ် ၅ ခုမှာ စစ်ရေးတွေ ဖော်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။