တောင်သာပကဖရဲ့ စစ်သင်တန်းဆင်းပွဲ လေယာဉ်နဲ့ဗုံးကြဲခံရပြီး ၂ ဦးဒဏ်ရာရ

0 1
0 1

■ ဗုံးခိုကျင်းတွေ ကြိုတင်ပြင်ဆင်နိုင်ခဲ့လို့ ထိခိုက်မှုနည်းခဲ့တယ်လို့ဆို

မန္တလေး၊ ဖေဖော်ဝါရီ ၂၊ ၂၀၂၅။

မန္တလေးတိုင်း၊ တောင်သာမြို့နယ်ပကဖရဲ့စစ်သင်တန်းဆင်းပွဲပြုလုပ်ခဲ့တဲ့ ရတနာပုံကျေးရွာအနီးနဲ့ ဇရပ်ကြီးကျေးရွာတွေမှာ ၁ ရက်တည်း ၃ ကြိမ်လေကြောင်းတိုက်ခိုက်ခံရပြီး ဒေသခံ ၁ ဦးအပါ ၃ ဦးဒဏ်ရာရတယ်လို့ တောင်သာမြို့နယ်ပကဖတာဝန်ခံထံက သိရပါတယ်။

ဖေဖော်ဝါရီ ၁ ရက် မနေ့မနက် ၁၀ နာရီကျော်မှာ တောင်သာမြို့နယ်ပကဖရဲ့ အမှတ်စဥ် ၇ စစ်အခြေခံသင်တန်းဆင်းပွဲပြုလုပ်နေချိန် စစ်ကောင်စီဘက်က တိုက်လေယာဉ်နဲ့ ဗုံး ၂ လုံး ကြဲချ၊ ပစ်ခတ်မှုတွေပြုလုပ်ခဲတဲ့အပြင် Y 12 လေယာဉ်နဲ့ဗုံးသီး ၁၆ လုံးချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“သင်တန်းဆင်းပွဲမပြီးခင် လာချတာ။ ဗုံးသီးတွေကတော့ ဌာနေ(သင်တန်းဆင်းပွဲနေရာ) နေရာအနှံ့ကိုကျတာ။ ပကဖရဲဘော်တွေကတော့ ထိခိုက်မရှိဘူး။” လို့ တောင်သာမြို့နယ်ပကဖတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့် သင်တန်းဆင်းပွဲနေရာဝန်းကျင်မှာရှိနေတဲ့ နန်းမြင့်ကျေးရွာက အသက် ၄၀ ကျော်အရွယ် ကိုအောင်ကိုနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိထားတဲ့ ကျွဲတလင်းရွာက အသက် ၇၈ နှစ်အရွယ် ပျူစောထီး ဦးသန်းရွှေဆိုသူတို့ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

သင်တန်းဆင်းပွဲမပြုလုပ်မီ ဇန်နဝါရီ ၃၁ ရက် ညပိုင်းမှာ သင်တန်းဆင်းပွဲပြုလုပ်မယ့်နေရာ သတင်းပေါက်ကြားပြီး စစ်ကောင်စီထောက်ခံတယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြမှုတွေရှိခဲ့ပေမယ့် ဗုံးခိုကျင်းတွေကြိုတင်ပြင်ဆင်ပြီး သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တာလို့ အထက်ပါတာဝန်ခံက ပြောပါတယ်။

လေကြောင်းကနေဗုံးကြဲခံရချိန် ရဲဘော်တွေနဲ့ သင်တန်းဆင်းပွဲလာပြည်သူတွေက ဗုံးခိုကျင်းတွေထဲ အချိန်မီဝင်ရောက်ပုန်းအောင်းလိုက်နိုင်တာကြောင့် ထိခိုက်သူတွေနည်းသွားခဲ့တာ လို့ဆိုပါတယ်။

ဒါ့အပြင် ယမန်နေ့ညနေပိုင်းမှာ အထက်ပါကျေးရွာတွေအနီးဝန်းကျင်ကို တိုက်လေယာဉ်နဲ့ ဗုံးသီး ၂ လုံးထပ်မံကြဲချခဲ့ရာ ရတနာပုံကျေးရွာလမ်းဆုံကို ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံတွေထိခိုက်တာမရှိဘဲ နေအိမ် ၃ လုံး ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ ဆိုပါတယ်။

ယမန့်နေ့ည ၁၂ နာရီခန့်မှာ ဇရပ်ကြီးကျေးရွာကို စက်တပ်လေထီး(ပါရာမိုတာ) ၂ စီးနဲ့ ၁၂၀ မမ ဗုံးသီး ၄ လုံးထပ်မံကြဲချခဲ့ရာ ကျေးရွာကာကွယ်ရေးအဖွဲ့ဝင် ၁ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ၂၈ ရက်ကလည်း တောင်သာမြို့နယ်၊ ရွာတန်းရှည်ကျေးရွာကို စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ဗုံးချတိုက်ခိုက်လို့ အမျိုးသမီး ၁ ဦးသေဆုံးပြီး သားအဖ ၂ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။