မုံရွာမြို့က ဒလန်အမျိုးသမီးကို မုံရွာ ပြောက်ကျားအဖွဲ့က ရှင်းလင်းသုတ်သင်

0 2
0 2

မုံရွာ၊ မေ ၃၀၊ ၂၀၂၃။

မုံရွာမြို့တွင် ရဲသတင်းပေး ဒလန်လုပ်နေတဲ့ အမျိုးသမီးကို Monywa PDF ပြောက်ကျားအဖွဲ့က မေလ ၂၉ ရက်မှာ သုတ်သင်ရှင်းလင်းခဲ့တယ်လို့ အဆိုပါအဖွဲ့မှ ဗိုလ်ဒဿက ပြောပါတယ်။

သေဆုံးသွားတဲ့အမျိုးသမီးဟာ စစ်တပ်အခြေချထားတဲ့ မြို့တော်ခန်းမထဲသို့ ဝင်ထွက်သွားလာနေသူဖြစ်သလို လူနာတင်ကားကိုအသုံးပြုကာ PDF တွေနေထိုင်တဲ့ နေရာတွေကို လိုက်လံစုံစမ်းနေတာကြောင့် အခုလိုရှင်းလင်းသုတ်သင်ရတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

အဆိုပါ အမျိုးသမီးဟာ မုံရွာမြို့၊ ရုံးကြီးရပ်ကွက်ဈေးတန်းမှာ ဈေးရောင်းနေတဲ့အချိန် ဈေးဝယ်သူအဖြစ် အသွင်းယူကာ ဦးခေါင်းကို သေနတ်ဖြင့် သုံးချက်ပစ်ခဲ့တာဖြစ်လို့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ Monywa PDF ပြောက်ကျားတပ်ဖွဲ့ ဗိုလ်ဒဿက ဆိုပါတယ်။

“သူတင်မဟုတ်ဘူး သူတို့တမိသားစုလုံးက ဒါပဲလုပ်နေကြတဲ့အတွက် ကျနော်တို့အဖွဲ့က သွားရောက်သုတ်သင် ရှင်းလင်းရတာဖြစ်ပါတယ်” လို့ ဗိုလ်ဒဿက ဆိုပါတယ်။

အဆိုပါ ပြောက်ကျားအဖွဲ့ဟာ ‌ညနေပိုင်းမှာ အဖွဲ့ ၂ ဖွဲ့ခွဲကာ တဖွဲ့က မုံရွာမြို့နယ်အတွင်းက စစ်ကောင်စီတပ် တွေနဲ့ ပျူစောထီးတွေနေထိုင်တဲ့ တောပုရွာကို ညနေ ၅ နာရီကနေ ည ၁၁ အထိ လက်နက်ကြီးနဲ့ သွားရောက်ပစ်ခတ်ခဲ့ကြသလို ကျန်တဖွဲ့က ဘီယာသောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို လက်လုပ် 7.62 စနိုက်ပါနဲ့သွားရောက် ပစ်ခတ်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

တောပုကျေးရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာနဲ့ပတ်သက်လို့ ဗိုလ်ဒဿက “ထိခိုက်သေဆုံးမှုကိုတော့ အတိအကျမသိရသေးဘူး။ ကျနော် သိရတာတော့ ရွာထဲကို ၃ လုံးကျတယ်။ သူ့တို့ဘက်က လက်နက်ကြီးနဲ့ ပြန်ပစ်လို့ ပြန်ဆုတ်ခွာခဲ့တယ်” လို့ ဆိုပါတယ်။


စာတည်း – လင်းဇေ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။