ကျောင်းသား ၅၀ နီးပါးအထိ လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့ကြောင်း ဝန်ခံထားတဲ့ ယာယီကျောင်းအုပ်ကို ရဲက ပုဒ်မ ၃၇၇ နဲ့အမှုဖွင့်

0 3
0 3

ပဲခူး၊ ဖေဖော်ဝါရီ ၁၆၊ ၂၀၂၅။

ကျော်ကြီးဟိန်းစံ

ပဲခူးမြို့နယ်၊ မုက္ကလရွာအခြေခံပညာအလယ်တန်းကျောင်းခွဲ ယာယီကျောင်းအုပ်ကြီးဟာ မူလတန်းနဲ့ အလယ်တန်းကျောင်းသား ၄၈ ဦးကို အဓမ္မပြုကျင့်မှုအပါ လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုထားတယ်လို့ ဒေသခံတွေနဲ့ ပဲခူးရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီနောက်ဆုံးပတ်အတွင်းက မုက္ကလကျေးရွာအလကကျောင်းခွဲမှာ တက်ရောက်နေတဲ့ အသက် ၁၁ နှစ်အရွယ် ၄ တန်းကျောင်းသား ၁ ဦး အနေအထိုင်မမှန်တာကြောင့် မိဘတွေကခေါ်ယူမေးမြန်းခဲ့ရာက ယာယီကျောင်းအုပ်ဖြစ်သူရဲ့အဓမ္မပြုကျင့်ခံရကြောင်းသိရှိရပြီး ဆက်လက်စစ်ဆေးရာ ၁ နှစ်အတွင်း အသက် ၇ နှစ်မှ ၁၅ နှစ် အကြားရှိ ကျောင်းသား ၁၇ ဦးကို အဓမ္မပြုကျင့်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့တာပါ။

အဲ့ဒီနောက် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ ကျောင်းတာဝန်ရှိသူတွေက ထပ်မံစစ်ဆေးကြချိန်မှာ အဓမ္မပြုကျင့်ခံရမှုအပါ လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရသူ ကျောင်းသား ၄၈ ဦးထိရှိခဲ့ကာ ကျောင်းအုပ်ဆရာကို ထပ်မံစစ်ဆေးချိန်မှာလည်း မှန်ကန်ကြောင်းဝန်ခံထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။

“ ကျနော်တို့ သိထားတာက အဓမ္မမှုမြောက်တာက ၁၇ ယောက်ပေါ့။ ကျန်တဲ့ကျောင်းသားတွေကတော့ တခြားနည်းလမ်းတွေနဲ့ ကျူးလွန်ခံရတာ။” လို့ ပဲခူးရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

ကျူးလွန်သူ မုက္ကလရွာအလကခွဲ ယာယီကျောင်းအုပ်ကြီး အသက် ၂၉ နှစ်အရွယ် ဦးသက်ဇော်အောင် ကို ပဲခူးရဲတပ်ဖွဲ့က ဓမ္မတာနဲ့ဆန့်ကျင်သောကာမစပ်ယှက်မှု ပုဒ်မ ၃၇၇ နဲ့အမှုဖွင့်ထားပြီး မြို့မရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့ ၎င်းက ဆိုပါတယ်။

ပုဒ်မ ၃၇၇ အရ မိမိအလိုလျောက် ဓမ္မတာနဲ့ဆန့်ကျင့်သောကာမစပ်ယှက်မှုကိုပြုရင် ထောင်တသက်တကျွန်းအထိ အမြင့်ဆုံးပြစ်ဒဏ်ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။