အရာတော်က PDF စခန်း မီးရှို့ခံရပြီး ချက်ပြုတ်ထောက်ပို့ အမျိုးသမီးတဦး အသတ်ခံလိုက်ရ

0 1
0 1

စစ်ကိုင်း၊ မေ ၃၀၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့အခြေစိုက် Danger Force LPDF စခန်းကို စစ်ကောင်စီတပ်သားတွေက မေလ ၂၈ ရက် မနက် ၉ နာရီကျော်မှာ ဝင်ရောက်မီးရှို့ပြီး ရဲဘော်အမျိုးသမီးတဦးကိုပါ သတ်သွားကြတယ်လို့ သိရပါတယ်။

အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်သားတွေက ဝါးယောင်းကျေးရွာအနီး မှာရှိတဲ့ PDF စခန်းကို ဝင်ရောက်မီးရှို့ဖျက်စီးကာ စခန်းမှာရှိနေတဲ့ အသက် ၄၃ နှစ်အရွယ် ရဲဘော်ဒေါ်သီတာမြင့်ကို ပစ်သတ်သွားတာဖြစ်တယ်လို့ DANGER FORCE LPDF မှ ခေါင်းဆောင်က ပြောပါတယ်။

“မသီတာမြင့်က စခန်းမှာ ချက်ပြုတ်ရေး၊ ထောက်ပို့တာဝန်ယူထားတာပါ။ အဲဒီနေ့က သူမတယောက်ထဲ စခန်းမှာကျန်ခဲ့တာ။ ကျနော်တို့ တခြားနေရာတခုမှာ Mission လုပ်ပြီး စခန်းကိုပြန်လာတာ။ စခန်းနားကိုရောက်တဲ့အခါ စကစတွေက စခန်းကိုမီးရှို့ပြီး ရဲဘော်ကို သတ်လိုက်ကြပြီ။ စကစတွေစခန်းက မထွက်ခင် ထိတွေ့တိုက်ပွဲ ၅ မိနစ်လောက်ဖြစ်ခဲ့တယ်” လို့ ဆိုပါတယ်။

အသတ်ခံရလိုက်ရတဲ့ ရဲဘော်ဒေါ်သီတာမြင့်မှာ ဦးခေါင်း ကျည်ဆံဖောက်ထွက်ဒဏ်ရာနဲ့ သေဆုံးခဲ့တာဖြစ်တဲ့အပြင် လက်လုပ်သေနတ် ၆ လက်၊ လက်လုပ်မိုင်း ၃၇ လုံး၊ လက်လုပ်ဗုံးသီး ၁ လုံး၊ ကျည်မျိုးစုံ ၃၅ တောင့်၊ ကား ၁ စီး၊ Darger Force စာတမ်းပါ အင်္ကျီ ၃ ထည်၊ ကားတစီးနဲ့ ဆိုင်ကယ် ၃ စီးတို့ ဆုံးရှုံးခဲ့ရတယ်လို့ D.F ခေါင်းဆောင်က ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ စခန်းကိုမီးရှို့ဖို့ ဝင်ရောက်ချိန်မှာလည်း ဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်ခြင်းခံရတဲ့ အမျိုးသား ၂၈ ဦးလည်း ပါလာခဲ့ပြီး စခန်းကိုမီးရှို့ဖျက်စီးပြီးနောက် အရာတော်မြို့ပေါ်ကို ထွက်သွားကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ဧပြီလ ၁၀ ရက်မှာလည်း DANGER FORCE LPDF အဖွဲ့ရဲ့ လက်နက်ထုတ်လုပ်ရေး စခန်းတခုမှာ ဝါယာရှော့ဖြစ်ကာ စခန်းတခုလုံး မီးလောင်ပျက်စီးခဲ့တာကြောင့် တွင်ခုံ (၂၅) သိန်း၊ ဂဟေပုံးနှစ်ပုံး၊ ဖြတ်စက်အကြီး၊ ကျောက်စက် ၆ လုံး၊ ဖောက်ဂန်းအကြီး ၂ လုံး၊ ဖောက်ဂန်းအသေး ၁ လုံး၊ မော်တာ ၁ လုံး၊ ၇.၆၂ ပြောင်းအစစ် ၁ ချောင်း၊ 9A phone ၁ လုံး ၊ စကားပြောစက် ၁ လုံး၊ စတီးစူးသွား၊ ၇.၆၂ ကျည် ၃၅ ထောင့်၊ ၉ မမ ကျည် ၂၅ ထောင့်၊ ၅.၅၆ ကျည် ၃၀ ထောင့်တို့ ဆုံးရှုံးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။