ကညွတ်ကွင်း ခမရ ၄၃၉ တပ်ကို PDF က ၄၀ မမ ဗုံးသီး ၉ လုံးနဲ့ သွားရောက်ပစ်ခတ်

0 1
0 1

ပဲခူး၊ မေ ၃၀၊ ၂၀၂၃။

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းအရှေ့ဘက်ရှိ လင်ယောလင်ကျေးရွာအနီး စစ်ကောင်စီတပ် ခမရ ၄၃၉ တပ်ရင်းကို မေလ ၂၉ ရက် မနေ့ညနေ ၄ နာရီဝန်းကျင်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ခမရ ၄၃၉ တပ်ရင်းအတွင်းကို ၄၀ မမ ဗုံးသီး ၉ လုံး၊ ချေမှုန်းရေးရိုင်ဖယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးတယ်လို့ ပဲခူးတိုင်းဒေသကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက မြေလတ်အသံကိုပြောပါတယ်။

“ဖြူးပကဖအဖွဲ့နဲ့ ဗိုလ်ကျားကြီးအဖွဲ့ကနေပြီးတော့ သွားရောက်တိုက်ခိုက်ခဲ့တယ်။ ပစ်ခတ်မှုကတော့ မိနစ်ပိုင်းလောက်ပဲကြာမယ်။ ထိခိုက်သေဆုံးအခြေနေကတော့ မြေပြင်ကသတင်းပေးတွေရဲ့ ပေးပို့ချက်တွေအရ ပြန်သိရတာဖြစ်တယ်” လို့ ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုအတွင်း ၄၀ မမ ဗုံးသီးတွေဟာ တပ်တွင်းအဆောက်အဦးတွေပေါ်ကျရောက်ပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးတာလို့ပြောဆိုပေမယ့် မြေလတ်အသံအနေနဲ့သီးခြားအတည်ပြုနိုင်တာမျိုး မရှိသေးပါဘူး။

စစ်ကောင်စီတပ်ရင်းကလည်း လက်နက်ကြီးငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ကာကွယ်ရေးတပ်ဖွဲ့တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့ကလည်း ဖြူးမြို့နယ်ပကဖ (9 Kwins Fighters Force မြို့ ပြပြောက်ကျားအဖွဲ့)က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ခမရ ၄၃၉ တပ်ရင်း လုံခြုံရေးဂိတ်ကို တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား၂ ဦးသေ၊ ၁ ဦးပြင်းထန်ဒဏ်ရာရတယ်လို့ သိရပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။