ငါန်းဇွန် TGYR – PDF စခန်းမီးရှို့ခံရလို့ စခန်းတခုလုံးပြာကျပြီး သိန်းရာချီဆုံးရှုံး

0 3
0 3

မန္တလေး၊ မေ ၂၆၊ ၂၀၂၃။

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်က TGYR- Youth Guerrilla Counter Revolution အဖွဲ့ရဲ့ စခန်းကို စစ်ကောင်စီတပ်သားတွေက မေလ ၂၆ ရက် မနက် ၅ နာရီမှာ ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့တာကြောင့် စခန်းပြာကျပြီး သိန်းရာချီဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

မြောင်မြို့နယ်၊ ကျောက်ရစ်စခန်းက အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်သားတွေဟာ PDF တွေစစ်ကြောင်းထွက်နေချိန် စခန်းကို ဝင်ရောက်မီးရှို့သွားခဲ့တာကြောင့် စခန်းတခုလုံးပြာကျသွားခဲ့တာဖြစ်တယ်လို့ TGYR-YouthGuerrilla Counter Revolution (LPDF) မှ တိုက်ခိုက်ရေးခေါင်းဆောင်က ပြောပါတယ်။

“ကျနော်တို့ရဲဘော် နှစ်ဆယ်ကျော်က မြောင်ဘက်မှာ စစ်ကြောင်းထွက်နေတာဗျ။ စခန်းမှာက ရဲဘော် ရှစ်ယောက်ကျန်ခဲ့တာ။ ဒီဟာကို အခွင့်ကောင်းယူပြီးတော့ ဝင်ရောက်မီးရှို့ဖျက်ဆီးသွားတာပါ။ ရဲဘော်တွေကတော့ ပစ္စည်းတွေ နိုင်သလောက်ထမ်းပြီး ထွက်ပြေးလွတ် မြောက်ခဲ့တယ်။ ကျန်ခဲ့တဲ့ ခဲယမ်း၊ လက်နက်၊ ကျည်တွေကတော့ အကုန်လုံးဆုံးရှုံးလိုက်ရတယ်။ ကာလပေါက်စျေးနဲ့ပြောရရင် သိန်းတရာ့ငါးဆယ်နီးပါး ဆုံးရှုံးခဲ့ပါတယ်” လို့ ဆိုပါတယ်။

စခန်းမီးရှို့ခံရတာကြောင့် AK ကျည် ၄၁ တောင့်၊ 5.56 ကျည် ၂၅၀ တောင့်၊ 9 လုံးကျည် ၂၄၇ တောင့်၊ တပ်ဖွဲ့ဝင်ဖောင်အပြည့်စုံ၊ ဖုန်း၂ လုံး၊ စကားပြောစက် ၄ လုံး၊ 9 mm ကျည် ၃၄ တောင့်၊ မိုင်း ၆ လုံး၊ ၆၀ မမအဖူး ၄၀၊ ဆိုင်ကယ် ၂ စီး၊ ဆန်တအိတ်၊ ဆီတပုံး၊ စာရွက်စာတန်းအကုန်၊ ကွပ်တိုက်ကြိုးတခွေနဲ့ C2-C4 တို့ ဆုံးရှုံးခဲ့ရတယ်လို့ သူကပြောပါတယ်။

လက်ရှိအချိန်မှာ TGYR – Youth Guerrilla Counter Revolution အဖွဲ့အနေနဲ့ စခန်းပြန်လည် ထူထောင်နိုင်ရန်အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။