ဝက်လက်မှာ ရွာကို မီးရှို့လာတဲ့စစ်ကြောင်း မိုင်းဆွဲခံရလို့ ၃ ဦးထက် မနည်းထိခိုက်ဒဏ်ရာရ

0 2
0 2

စစ်ကိုင်း၊ မေ ၂၅၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ လိမ်ပင်ကျေးရွာက လူနေအိမ်တွေကို မီးရှို့ဖို့လာတဲ့ စစ်ကောင်စီတပ်သားတွေ ကို မေ ၂၅ ရက် ဒီနေ့ မနက် ၆နာရီကျော်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ၃ ဦးထက်မနည်း ဒဏ်ရာရှိခဲ့တယ်လို့ ဝက်လက် PDF တဦးက ပြောပါတယ်။

ဝက်လက်မြို့ပေါ်ကနေ အင်အား ၇၀ ကျော်ပါတဲ့ အဲဒီစစ်ကြောင်းဟာ လိမ်ပင်ကျေးရွာအနီးကို ရောက်ရှိလာချိန် People’s Servant Revolution (Wetlet) တပ်ခွဲ(၁)ရဲ့ အသင့်ထောင်ထားတဲ့ တိုက်မိုင်း ၃လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ PSR(Wetlet)မှ ရဲဘော်တဦးက ပြောပါတယ်။

“စကစတွေက ရွာအရှေ့ဖက်ကို ၃ဖွဲ့ခွဲပြီးဝင်တာ အဲဒီထဲက တဖွဲ့က ကျနော်တို့မိုင်းကွင်းထဲကို ဝင်ရောက်လာတာနဲ့ ဖောက်ခွဲလိုက်တာ။ ၃ ကောင်လဲကျသွားတာကိုမြင်ခဲ့ရတယ်။ မိုင်းက တိုက်မိုင်းဆိုတော့ နောက်ထပ်လည်း ဒဏ်ရာရ၊ သေဆုံးသူတွေရှိနိုင်တယ်ဗျ”လို့ သူကဆိုပါတယ်။

အခုလိုမိုင်းဆွဲခံရပြီးနောက် ဒဏ်ရာရသွားတဲ့ စစ်ကောင်စီတပ်သားတွေကို ကားတစီးနဲ့ မြို့ပေါ်ကိုတင်ဆောင်သွားပြီး၊ ကျန်ခဲ့တဲ့စစ်ကောင်စီတပ်သားတွေကတော့ ရွာထဲကလူနေအိမ် ၁၀ အိမ်ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့ပြီးမှ ဝက်လက်မြို့ပေါ်ကို မနက် ၁၀ နာရီကျော်မှာ ပြန်ဆုတ်သွားခဲ့ကြတယ်လို့ သူကဆက်ပြောပါတယ်။

မိုင်းဆွဲခံရတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဝက်လက်မြို့ပေါ်မှာ ရောက်ရှိအထိုင်ချနေကြတဲ့ ခမရ ၃၆၄ တပ်ရင်းက တပ်သားတွေဖြစ်ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေ ၂၃ ရက် ညနေ ၄ နာရီကျော်မှာလည်း လှတောရဲစခန်းကနေ အင်အား ၇၀ ကျော် နဲ့ ဝက်လက်မြို့ပေါ်ကို ခြေလျင်လာတဲ့ စစ်ကြောင်းကို ပင်းဇင်းကျေးရွာအနီးမှာ People’s Servant Revolution(Wetlet)အဖွဲ့နဲ့ နယ်မြေခံပကဖတွေက မိုင်းဆွဲပြီး ထိတွေ့ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီ တပ်သား ၂ ဦး ဒဏ်ရာရှိခဲ့တယ်လို့သိရပါတယ်။

စာတည်း – လင်းဇေ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။