မုန်တိုင်းတိုက်နေချိန် စစ်တပ်က စစ်ကြောင်းထိုးလို့ ပြည်သူ ၁ သောင်းကျော်ထွက်ပြေးနေရ

0 1
0 1

စစ်ကိုင်း၊ မေ ၁၄၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲမှာ မုန်တိုင်းကြောင့် မိုးရွာသွန်းနေချိန် စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးတဲ့အတွက် ဒေသခံပြည်သူ ၁ သောင်းကျော် မိုးရေထဲမှာ ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ သိရပါတယ်။

မေလ ၁၃ ရက်မနေ့က မင်းမရွာကို စစ်ကြောင်းဝင်လာပြီး၊ မေလ ၁၄ ရက်ဒီကနေ့မှာတော့ စစ်ကြောင်းရွေ့နေတဲ့အတွက် ကျေးရွာအုပ်စု ၄ စုက ပြည်သူတွေ ရှောင်တိမ်းနေရတာဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ဘက်မှာ မုန်တိုင်းဝင်တာက ၂ ရက်ရှိပြီ၊ စစ်ကြောင်းကလည်းထိုးနေတော့ မိုးထဲရေထဲမှာ ထွက်ပြေးနေရတယ်၊ နေဖို့ကတော့ မိုးလုံတဲ့ အဆောက်အဦးတွေရှာပြီးနေရတယ်၊ တောထဲတောင်ထဲမှာ နေဖို့ကျ ဒီမိုးနဲ့ကမပြေဘူး”လို့ ကိုပြည့်အောင်နိုင်က ပြောပါတယ်။

စစ်ကြောင်းထိုးတဲ့အတွက် ချောင်းမ၊ ယက္ကန်းတိုင်၊ သမင်ခြံ၊ မုဌော စတဲ့ကျေးရွာအုပ်စုတွေက ပြည်သူ ၁၃၀၀၀ ကျော် စစ်ရှောင်နေရတာဖြစ်ပြီး စစ်ကြောင်းကရွေ့နေတဲ့အတွက် စစ်ရှောင်အရေတွက် ထပ်တိုးလာနိုင်တယ်လို့လည်း ဆိုပါတယ်။

အဆိုပါ စစ်ကြောင်းဟာ မေလ ၁၂ ရက်မနက် ၈ နာရီလောက်ကတည်းက ကနီနယ်ထဲကို ဝင်ရောက်နေတာဖြစ်ပြီး တွင်းရွာက ကိုလင်း အသက် ၃၅ နှစ်ကို ဖမ်းသွားတဲ့အပြင် နေအိမ် ၁၂၀ ကို ဖျက်ဆီးသွားကာ ဆိုင်ကယ် ၁၀ စီးနဲ့နွားတကောင်ကိုလည်း မီးရှို့သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့မနက် ၉ နာရီမှာလည်း ကနီမြို့နယ်၊ မယ်စောတောနဲ့ အုတ်ကန်တောကြားမှာ နွားကျောင်းနေတဲ့ အသက် ၆ နှစ်အရွယ်ကလေးတဦးနဲ့ အသက် ၁၃ နှစ်အရွယ် ကလေးတဦးကို ပစ်ခတ် သတ်ဖြတ်ခဲ့ပါသေးတယ်။

ကနီမြို့နယ်မှာ မိုခါမုန်တိုင်းကြောင့် မိုးရွာသွန်းနေတာ ၂ ရက်ရှိပြီဖြစ်ပြီး စစ်ရှောင်ပြည်သူတွေလည်း နေထိုင်ရေးအတွက် ဒုက္ခရောက်နေကြတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။