ဧရာဝတီမြစ်ရိုး ၅ ရက်တာ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးခဲ့ဟုဆို

0 5
0 5

မြေလတ်အသံ၊ မေ ၁၃၊ ၂၀၂၃။

စစ်ကိုင်းတိုင်းနဲ့မန္တလေးတိုင်းအတွင်းရှိ ဧရာဝတီမြစ်ရိုးတလျောက် မေလ ၅ ရက်ကနေ ၉ ရက်နေ့အထိ ဖြစ်ပွားခဲ့တဲ့ ၅ ရက်တာတိုက်ပွဲမှာ ၃ပွင့်ဗိုလ် ၂ ဦးအပါအဝင် စစ်ကောင်စီတပ်သား ၁၁ ဦး သေဆုံးပြီး ၄၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ PDF တာဝန်ရှိသူတဦးကပြောပါတယ်။

သပိတ်ကျင်းမြို့နဲ့ စဉ့်ကူးမြို့နယ်ဖက်ကနေ ခင်ဦးမြို့နယ်ဖက်ကို ထိုးလာတဲ့ အင်အား ၂၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းနဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့ မေလ ၅ ရက်နေ့မှာ ၁ ကြိမ်၊ ၆ ရက်နေ့မှာ ၁ ကြိမ်၊ ၇ ရက်နေ့မှာ ၄ ကြိမ်၊ ၈ ရက်နေ့မှာ၁ ကြိမ် ၊ ၉ ရက်နေ့မှာ ၃ ကြိမ်၊ စုစုပေါင်း ၅ ရက်တာအတွင်း တိုက်ပွဲ ၁၀ ကြိမ်အထိ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဗိုလ်လင်းယုန်တပ်ဖွဲ့(ပြင်ဦးလွင်ခရိုင် ပကဖ) ဦးဆောင်သူ ဇီးရိုးဝမ်း ကပြောပါတယ်။

“စကစတွေသေဆုံးတာကို ကျနော်တို့ရဲ့ မြေပြင်စောင့်ကြည့်ရဲဘော်တွေရဲ့ မျက်မြင် အရအတည်ပြုနိုင်တာပါ။ သေတဲ့အထဲ ဗိုလ်နှစ်ကောင်ပါတာကို စောင့်ကြည့်ရဲဘော်ရဲ့ ပြောဆိုချက်နဲ့ တိုက်ပွဲဖြစ်တဲ့နေရာတွေကို ရှင်းလင်းရေးလုပ်တဲ့အခါ အရာရှိအသုံးအဆောင် ပစ္စည်းတွေကို တွေ့ရှိရခဲ့တာတွေရှိတယ်။ ဒါတွေကြောင့် ဗိုလ်ဆိုတာကို အတည်ပြုခဲ့တာ။ ရှင်းလင်းရေးလုပ်တဲ့အချိန်မှာတော့ အလောင်းတွေ မတွေ့ခဲ့ရဘူး။ စကစတွေက တခါတည်း လက်စဖျောက်သွားတဲ့သဘော” လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွေကတော့ စဉ့်ကူးမြို့နယ်၊ ရွှေကျင်ရွာ၊ အင်းဇောက်ကြီးရွာ၊ ချောင်းသလဲရွာ၊ ကျောက်မြောင်းမြို့နယ်၊ ခင်ဦးမြို့နယ်၊ ကုတ္တတ်ရွာ၊ ကဘွက်ရွာ၊ သင်ပေါင်းရွာ၊ သရက်ကုန်းရွာ၊ တောင်ပို့ရွာအနီး၊ သရက်ကုန်းရွာတို့ရဲ့ အနီးတွေမှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဖြတ်သွားရာလမ်းတလျောက်မှာရှိတဲ့ ကျေးရွာ ၁၂ ရွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံ ၃၀၀၀ ကျော်မှာ နေရပ်စွန့်ခွာထွက်ပြေးနေကြရတယ်လို့ ကိုဇီးရိုးဝမ်း ကပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကိုတော့ ဗိုလ်ဇင်ယော်တပ်ဖွဲ့၊ ဗိုလ်လင်းယုန်တပ်ဖွဲ့(ပြင်ဦးလွင်ခရိုင် ပကဖ)၊ Nine PDF တပ်ဖွဲ့၊ Northern Tigers Group နဲ့ ခင်ဦးမြို့နယ်တော်လှန်ရေးအင်အားစုတို့က ပူးပေါင်းလုပ်ဆောင်ရွက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း ဗိုလ်လင်းယုန်တပ်ဖွဲ့မှ ရဲဘော် ၃ ဦးနဲ့ ပူးပေါင်းတပ်ဖွဲ့က ရဲဘော်တဦး စုစုပေါင်း ၄ ဦးမှာ မစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း-007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။