အရာတော်နယ်မှာ ပျူစောထီးတွေက ရွာကိုမီးရှို့ပြီး အမျိုးသား ၁၅ ဦးကိုပါ ဓားစာခံအဖြစ်ဖမ်းသွား

0 1
0 1

စစ်ကိုင်း၊ မေ ၁၂၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ဆင်တလည်ကျေးရွာက နေအိမ်တွေကို ပျူစောထီးတွေက မီးရှို့ပြီး လူလတ်ပိုင်း အမျိုးသား ၁၅ ဦးကိုလည်း ဓားစာခံအဖြစ် ဖမ်းခေါ်သွားခဲ့တယ်လို့ သိရပါတယ်။

သလဲဘာကျေးရွာက ပျူစောထီးအင်အား ၅၀ လောက်က သူတို့ရွာနဲ့ တမိုင်လောက်ဝေးတဲ့ ဆင်တလည်ရွာကို မေလ ၁၂ ရက်ဒီမနက် ၈ နာရီလောက်မှာဝင်လာချိန် ကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့မှုဖြစ်ခဲ့ပြီး အဲ့ဒီနောက်မှာ နေအိမ်တွေကိုမီးရှီု့ခဲ့တာလို့ အမေ့သား – Local PDF စစ်ကိုင်းအဖွဲ့ ခေါင်းဆောင်တဦးက ပြောပါတယ်။

“ကျနော်တို့တွေ သူတို့ကိုချောင်း နေတာ ၂ ရက်လောက်ရှိပြီ။ ဒီနေ့မှ ရွာထဲကိုဝင်လာတာ ရွာထဲကို ဝင်လာတဲ့အချိန် သေနတ်တွေပစ်ဖောက်တာမျိုးမရှိဘူး၊ ဓားစားခံအဖြစ် ဖမ်းဆီးခံရတဲ့ပြည်သူတွေက ကိုယ့်ဘက်က ကင်းပုန်းဝပ်နေတဲ့ရဲဘော်တွေလား၊ နွားကျောင်းသားတွေလား ဆိုတာ အတိအကျ မသိရသေးဘူး။ တခြားနယ်ကရဲဘော်တွေလည်း ကင်းပုန်းဝပ်ပေးနေကြတယ်ဆိုတော့လေ။” လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူတွေရဲ့ အသေးစိတ်အချက်အလက်နဲ့ မီးရှို့ခံရတဲ့ အိမ်ခြေအရေအတွက်တွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေဆဲပါ။

ဆင်တလည်ရွာကို မီးရှို့ပြီး မနက် ၁၁ နာရီလောက်မှာတော့ အဲ့ဒီပျူစောထီးတပ်ဖွဲ့တွေဟာ သလဲဘာကျေးရွာထဲကို ပြန်လည်ဝင်ရောက်သွားခဲ့တယ်လို့ ဆိုပါတယ်။ အိမ်ခြေ ၄၀၀ ကျော်ရှိတဲ့ ဆင်တလည်ရွာဟာ ဒီတကြိမ်နဲ့ဆိုရင် မီးရှို့ခံရတာ ၃ ကြိမ်မြောက်ရှိပါပြီလည်း ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၃ ရက်မှာ နေအိမ် ၃၇ လုံး၊ ၂၀၂၃ ခုနှစ် ဧပြီ ၁၉ ရက်မှာ နေအိမ် ၁၅ လုံးကိုလည်း သလဲဘောကျေးရွာရှိ ပျူစောထီးတွေကပဲ မီးရှို့ခဲ့တာပါ။

လက်ရှိအချိန်မှာတော့ ဆင်တလည်ကျေးရွာက ရွာသားတချို့ဟာ ကျေးရွာထဲကို ပြန်လည် ဝင်ရောက်လာနေပြီး မီးလောင်နေတဲ့နေအိမ်တွေကို မီးငြိမ်းသက်မှုတွေ လုပ်နေတယ်လို့လည်း သိရှိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။