ဆက်ကြေးကောက်တဲ့စစ်ကောင်စီအဖွဲ့ ကို ဒရုန်းနဲ့တိုက်ခိုက် ၂ ဦးသေဆုံးဟုဆို

0 1
0 1

မန္တလေး၊ မေ ၁၀၊ ၂၀၂၃။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ သင်ပြွန်းကျေးရွာအဝင်လမ်းခွဲအနီးမှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ ကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ Myingyan District Drone Strike Teamမှ တာဝန်ရှိသူက ပြောပါတယ်။

မေလ ၉ ရက် မနက် ၁၀ နာရီခန့်မှာ အင်အား ၃၀ ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လမ်းသွားလမ်းလာ မော်တော်ယာဉ်တွေ၊ ဆိုင်ကယ်တွေကို စစ်ဆေးကာ ငွေတောင်းခံနေတဲ့အဖွဲ့ဖြစ်ပြီး လမ်းခွဲအနီးက သူတို့အနားယူတဲ့ အဆောက်အဦတခုကို ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခဲ့တာလို့ သူက ဆက်ပြောပါတယ်။

ဗုံးချတိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးသွားပြီး တချို့လည်း ဒဏ်ရာရခဲ့ပါတယ်။ ထိခိုက် သေဆုံးဒဏ်ရာရသူတွေကို မြင်းခြံမြို့ဘက်ကို ကားနဲ့တင်ဆောင်သွားတယ်လို့ သူက ဆိုပါတယ်။

“သူတို့က စစ်ဆေးရေးလုပ်ပြီးတော့ သောက်စားပြီး နားနေတဲ့အချိန်မှာ ဗုံးချခဲ့တာ။ ထိခိုက်သေဆုံးကိုတော့ မြေပြင်သတင်းယူနေတဲ့သူတွေဆီက သိရတာဖြစ်တယ်။ အမြဲတမ်းတပ်စွဲစစ်ဆေးနေတဲ့ နေရာတော့ မဟုတ်ဘူး။ တခါတလေမှလာပြီး စစ်ဆေးရေးလုပ်တဲ့နေရာပါ” လို့ Myingyan District Drone Strike Teamမှ တာဝန်ရှိသူက ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကိုတော့ Myingyan District Drone Strike Team နဲ့အတူ မဟာမိတ်တွေဖြစ်တဲ့ မြင်းခြံခရိုင် တပ်ရင်းအမှတ် ၁၊ တပ်ခွဲ ၁၊ မြင်းခြံခရိုင် တပ်ရင်းအမှတ် ၄၊ 27 revolution force တပ်ခွဲ ၃၊ မြင်းခြံခရိုင်တပ်ရင်း ၃၊ တပ်ရင်း ၈၊ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့၊ 8 stars အဖွဲ့၊ နွားထိုးကြီးမြို့နယ်ပကဖ တို့က ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့တာပါ။

မေလ ၈ ရက်ကလည်း မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ရတနာပုံကျေးရွာနားမှာ ယာယီတပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့ ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။