ပျက်လို့ရပ်ထားတဲ့ခရီးသည်တင်ကားကို လိုက်ထရပ်ကားက ဝင်တိုက်လို့ ၁ ဦးသေဆုံး ၁၄ ဦးဒဏ်ရာရ

0 1
0 1

ပဲခူး၊ မေ ၉၊ ၂၀၂၃။

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်နဲ့ နေပြည်တော်၊ လယ်ဝေးမြို့နယ်အစပ် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် ၁၉၀/၅ အနီးမှာ ဧပြီလ ၉ ရက် ဒီကနေ့မနက်အစော ၅ နာရီဝန်းကျင်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့လို့ ၁ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အမြန်လမ်းမပေါ်မှာ စက်ချို့ယွင်းလို့ ရပ်တန့်ထားတဲ့ ခရီးသည်တင်ကားကို လိုက်ထရပ်ယာဉ်က ဝင်တိုက်မိလို့ လိုက်ထရပ်ယာဉ် မောင်းနှင်လာတဲ့ ယာဥ်မောင်းအမျိုးသား သေဆုံးပြီး ယာဉ်ပေါ်ပါ လူ ၁၄ ဦး ဒဏ်ရာရရှိခဲ့တာလို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

“ဖြစ်တာက လယ်ဝေးနဲ့ ရေတာရှည်၊ မြို့လှအစပ်လောက်ကျတာပေါ့။ ရပ်ထားတဲ့ကားကလည်း လမ်းဘေးမြေသားလမ်းပေါ်မှာ ရပ်ထားတာမျိုးမဟုတ်ဘဲ ညာဘက်ခြမ်းကွန်ကရစ်လမ်းပေါ်မှာ တစီးလုံး ရပ်ထားတာမျိုးပါ။ ရောင်ပြန်တွေ အချက်ပြမီးတွေ ပြထား၊မထားတော့ မသိရဘူး” လို့ ပြောပါတယ်။

ယာဥ်တိုက်မှုကြောင့် မြင်းခြံမြို့နေသူ ယာဥ်မောင်း ကိုထွန်းထွန်းနိုင် ဆိုသူဟာ နေရာမှာသေဆုံးသွားပြီး ယာဥ်ပေါ်ပါ အမျိုးသား ၁၄ ဦး ဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာရရှိသူတွေဟာလည်း မြင်းခြံမြို့နယ်တဝိုက်က ဒေသခံတွေ ဖြစ်တယ်လို့ သိရပါတယ်။

ယာဥ်တိုက်မှုကြောင့် ထိခိုက်သေဆုံးဒဏ်ရာရသူတွေကိုတော့ အမြန်လမ်းမီးသတ်နဲ့ လူမှုကူညီရေးအဖွဲ့ တွေက နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလထဲမှာလည်း ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်မှာ ယာဉ်တိုက်မှု ၃ ခုထက်မနည်း ဖြစ်ပွားခဲ့ပြီး ၆ ဦး သေဆုံးခဲ့ကာ ဒဏ်ရာရရှိသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။