ဆားတောင်ရဲစခန်း တိုက်ခိုက်ခံရလို့ သေဆုံးမှုရှိဟုဆို

0 1
0 1

ဆားတောင်၊ မေ ၇၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့က စစ်ကောင်စီရဲစခန်းကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ Zero ပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

ဆားတောင်မြို့အလယ်၊ ရွှေဘို- မန္တလေးကားလမ်းဘေးက ရဲနဲ့စစ်သားအင်အား ၈၀ လောက်ရှိတဲ့ ရဲစခန်းကို မေလ ၅ ရက် နေ့လယ် ၁၂ နာရီလောက်မှာ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

“ရဲစခန်းထဲမှာ ရဲတွေတံမြက်စီးလှည်း သန့်ရှင်းရေးလုပ်နေတဲ့အချိန် ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာမှာ တံမြက်စီးလှည်းတဲ့နေရာနဲ့ ဘန်ကာအနီးကို ပဒေသာဗုံးသီး ၄ လုံးကျပေါက်ပြီးတော့ ၃ ဦးသေဆုံးပြီး ၄ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်” လို့ Zero ပြောက်ကျားတပ်မဟာ – တပ်ရင်း ၇ – မြင်းခြံခရိုင် တပ်ရင်းမှူးဗိုလ်သက်ကြီးက ပြောပါတယ်။

ထိခိုက်သေဆုံးသူတွေဟာ မည်သည့်တပ်ဖွဲ့ဝင်တွေဖြစ်တယ်ဆိုတာကို အတည်ပြုဖို့ ခဲယဉ်းပေမယ့် ဒဏ်ရာရသူတွေကိုတော့ မေလ ၅ ရက် နေ့လယ် ၁ နာရီလောက်မှာ ကန်ဒါကားနဲ့ ထုတ်သယ်သွားတဲ့ သတင်းတွေလည်း ပြန်ကြားရတယ်လို့ သူကဆက်ပြောပါတယ်။

စစ်အုပ်စုဘက်က ထိခိုက်သေဆုံးတာတွေနဲ့ပတ်သက်ပြီး မြေလတ်အသံက သီးခြားအတည်ပြုချက် မရရှိသေးပါဘူး။

အဲ့ဒီတိုက်ခိုက်မှုကို ကျောက်ဆည်ခရိုင်တပ်ရင်း – ၁ (နဂါးနီတပ်ရင်း)၊ မြင်းခြံခရိုင်တပ်ရင်း – ၇ (Zeroပျောက်ကြားတပ်ဖွဲ့)နဲ့ ဆားတောင်မိုးကြိုးတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး၊ လက်ရှိမှာ စစ်သားနဲ့ရဲတွေအနေနဲ့ စခန်းဝန်းကျင်မှာ လုံခြုံရေးကင်းပုန်းတွေ ချထားတာရှိပေမယ့် စစ်ဆေးတာမျိုးတော့ မရှိတော့ဘူးလို့ စခန်းနဲ့နီးစပ်သူတွေရဲ့ ပြန်ပြောချက်ကို ကိုးကားပြီး ဗိုလ်သက်ကြီးက ပြောပါတယ်။

အဲ့ဒီဆားတောင်ရဲစခန်းဟာ မကြာခဏဆိုသလို ဒေသခံကာကွယ်ရေးတပ်တွေရဲ့ တိုက်ခိုက်တာကို ခံနေရပြီး၊ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၁ ရက် မနက် ၅ နာရီလောက်က People Army To Fight Dictatorship (PAFD) တပ်ခွဲ DK PDF- MMUနဲ့ မဟာမိတ်တွေကတိုက်ခိုက်ခဲ့သလို အခုနှစ် ဧပြီလ ၂ ရက်ကလည်း PAFD အဖွဲ့က မဟာမိတ်တွေနဲ့ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြပါသေးတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။