ဂက်စ်ယိုစိမ့်ရာကမီးလောင်မှုဖြစ်ပြီး လက်ဖက်ရည်ဆိုင်နဲ့နေအိမ် ၂ လုံးပျက်စီး

0 15
0 15

မန္တလေး၊ ဒီဇင်ဘာ ၄၊ ၂၀၂၅။

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင် ရပ်ကွက်၊ ၅၈ လမ်း၊ ၄၃ နဲ့ သိပ္ပံလမ်းကြားရှိ ‘ပေါက်ကျိုင်း’လက်ဖက်ရည်ဆိုင် မီးလောင်ပြီး ဆိုင်ဝန်ထမ်း ၁ ဦးမီးလောင်ဒဏ်ရာရတယ်လို့ မီးလောင်မှုမှာကူညီလုပ်ဆောင်ပေးခဲ့သူတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၄ ရက် ဒီမနက် ၇ နာရီခန့်မှာ လက်ဖက်ရည်ဆိုင် စားဖိုဆောင်ကနေ မီးစလောင်ခဲ့ရာက ဆိုင်နဲ့ အနီးအနားနေအိမ်တွေပါ မီးကူးစက်လောင်ခဲ့တာလို့ ဆိုပါတယ်။

“စားဖိုဆောင် 40 kg ဂက်စ်အိုးက ခေါင်းပွင့်ထွက်ပြီး ဂက်စ်တွေယိုစိမ့်ပြီး အနီးက မီးဖိုကနေတဆင့် မီးလောင်မှုဖြစ်တာ။ မီးက ၁ နာရီလောက်ငြှိမ်းသတ်ရတယ်။ စိုးရိမ်ရတစ်ယောက်ဒဏ်ရာရတာ ရှိတယ်”လို့ မီးလောင်မှုကိုကူညီပေးခဲ့သူတဦးက ပြောပါတယ်။

မီးလောင်မှုကြောင့် အသက် ၁၆ နှစ်အရွယ် ဆိုင်ဝန်ထမ်း အောင်ငြိမ်းချမ်းမှာ မျက်နှာ၊ လည်ပင်း၊ လက်နဲ့ခြေထောက်တွေမှာ မီးလောင်ဒဏ်ရာစိုးရိမ်ရတာကြောင့် မန္တလေးပြည်သူ့ဆေးရုံကို ပို့ဆောင်ထားရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လက်ဖက်ရည်ဆိုင်၊ အနီးအနားရှိ နေအိမ် ၂ လုံးမီးလောင်ပျက်စီးမှုရှိခဲ့ပြီး မန္တလေးမြို့ပေါ်ရှိ သန္ဓေမီးသတ်နဲ့ အရန်မီးသတ်အဖွဲ့ဝင်တွေ၊ အနီးအနားရှိ ဒေသခံတွေက ဝိုင်းဝန်းမီးငြှိမ်းသတ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၈ ရက်ကလည်း အမရပူရမြို့နယ်၊ ဘုံအိုးကျေးရွာရှိ နေအိမ်တလုံးက ဆိတ်ခြံမှာ ခြင်မလာအောင် မီးမွှေးထားရာမှ မီးလောင်မှုဖြစ်ပြီး နေအိမ် ၈ လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။