ခင်ဦးတိုက်ပွဲမှာသေဆုံးတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်အလောင်း ၄၀ ကျော်ကို တော်လှန်ရေးတပ်တွေက မီးသင်္ဂြိုဟ်ပေး

0 18
0 18

မြေလတ်အသံ၊ နိုဝင်ဘာ ၂၉၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တိုက်ပွဲအတွင်း သေဆုံးခဲ့တဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်းတွေကို နိုဝင်ဘာ ၂၈ ရက်မနက် ၁၀ နာရီကစပြီး မီးသင်္ဂြိုဟ်ပေးခဲ့တယ်လို့ ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

မုံလှရွာ နဲ့ ပျဥ်ထောင်ရွာကြားရှိ လယ်ကွင်းတွေမှာသေဆုံးနေတဲ့ နည်းဗျူဟာ ၃၃၂ နဲ့ ခမရ-၁၁၁ တို့မှ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ရုပ်အလောင်း ၄၀ ခန့်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒီဇယ်၊ ဓာတ်ဆီဗူးတွေ၊ တာယာကွင်းတွေ၊ မီးစာတုတ်တွေကို အသင့်ယူဆောင်ပြီး သင်္ဂြိုဟ်ခဲ့တာလို့ ဆိုပါ တယ်။

“မနေ့က ၁၀ နာရီ ၁၁ နာရီကစပြီး မီးသင်္ဂြိုဟ်တာ။ အဲ့ဒါ(အလောင်းတွေ)ချည်းကို ညနေ ထိတောင် မပြီးဘူး။ အနံ့တွေက အရမ်းဆိုးဝါးပြီးတော့ ကပ်ဖို့ရာမလွယ်ဘူးပေါ့။ အဲ့ဒါကြောင့် အကုန်လုံး မရှို့နိုင်ခဲ့ဘူး။ ပြီးတော့ သူတို့ရဲ့(စကမ) DeathBody တွေမှာ ကျည်တွေရှိတော့ ကျည်တွေပေါက်တာ။ အဲ့ဒါတွေကိုကျနော်တို့က တိမ်းပေးနေရတာ”လို့ ခင်ဦးမြို့နယ်ပကဖမှတာဝန်ရှိသူတဦးက ပြောပါတယ်။

အဆိုပါရုပ်အလောင်းတွေအကုန်လုံးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်က ပျဥ်ထောင်ကျေးရွာ ပတ်ဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းသေဆုံးခဲ့တာဖြစ်ပြီး ၅ ရက်အကြာ နိုဝင်ဘာ ၂၈ ရက် မီးရှို့ရာမှာ အခက်အခဲတွေရှိခဲ့တာကြောင့် အလောင်းတဝက်ခန့်သာ ပြီးစီးခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

“ဓာတ်ဆီ ၄၊ ၅ ဂါလံလောက်ယူသွားတာ။ မလောက်ဘူးဖြစ်နေတယ်။ ကုန်သွားတာ။ တာယာကွင်းတွေ ယူသွားတာလည်းမလောက်ဘူး။ ရှို့တာကတဝက်လောက်မပြီးဘူး။ တော်တော်များများ ကျန်သေးတယ်။ တချို့နေရာတွေကရေပြင်တွေဆိုတော့ ကိုင်တွယ်ဖို့ရာ လက်အိတ်တွေ၊ နှာခေါင်းပိတ်တွေယူသွားတယ်။တော်တော်လည်း အဆင်မပြေဘူး။ ရက်ကကြာနေပြီဆိုတော့” လို့ အထက်ပါတာဝန်ရှိသူက ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်တွေဆီကနေ ငါးကြင်းမှီး ၁ လက်၊ MA-1 ၁၀ လက်၊ MA-2 ၃ လက်၊ BA-100/ 60 mm ကွန်မန်ဒို စိန်ပြောင်း ၁ လက်၊ MA-3 ၃ လက်၊ MA-4 ၁ လက်၊ G-3 ၄ လက်၊ MAS Sniper ၁ လက်၊ MA-1 ၅ လက်နဲ့ ဆက်စပ်ကျည်နဲ့ ပစ္စည်းတွေသိမ်းဆည်းရရှိခဲ့တယ်လို့ ခင်ဦးပကဖ ဆီက သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ အင်အား ၁၈၀ ခန့်ပါ အဆိုပါစစ်ကြောင်းဟာ တိုက်ပွဲဖြစ်ပြီး မုံလှကျေးရွာကို ဆုတ်ပြေးခဲ့ပြီးနောက် အဲဒီရွာကနေတဆင့် နိုဝင်ဘာ ၂၇ ရက်ညမှာ မုံလှ-ပင်စိမ်းကင်း -ကျီစု-အောင်သာယာ-ကာဘိုးကားလမ်းအတိုင်း ကန့်ဘလူဘက်ကို ဆုတ်ခွာသွားခဲ့တယ်လို့သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။