ညောင်ခါးရှည်ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် ဒေသခံ ၃၀ ကျော်ကို စစ်ကောင်စီဖမ်းဆီး

0 1
0 1

ညောင်ခါးရှည်၊ မေ ၁၊ ၂၀၂၃။

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ညောင်ခါးရှည်အနီး ဖိုးစပါယ်ကျေးရွာက ဒေသခံ ၃၀ ကျော်ကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဧပြီလ ၂၇ ရက်မှ ၃၀ ရက်ထိ အတောအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကျေးရွာလမ်းဆုံ၊ လမ်းခွတွေမှာ တားဆီးစစ်ဆေးတာနဲ့နေအိမ်တွေကို ဝင်ရောက်ရှာဖွေမှုတွေ လုပ်ပြီးနောက် ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဝေါပကဖတာဝန်ရှိသူက ပြောပါတယ်။

“သူတို့တွေက ရဲစခန်းတိုက်ခံရတဲ့ နေ့ကစပြီးနေ့တိုင်းရွာတွေကို ဝင်မွှေ၊ လမ်းပိတ်ပြီး ဖမ်းတာ။ အဓိက ရွာအုပ်ကြီးတွေနဲ့ သူတို့သတင်းပေးတွေက သတင်းပေးလို့ လိုက်ရှာဖမ်းတဲ့သဘောမျိုးပါ။ ဖမ်းခံရတဲ့သူတွေထဲမှာ ဆိုင်ပိတ်ရတာမျိုး၊ သားကိုမမိလို့ ဖအေကိုဖမ်းတာမျိုးတွေလည်းရှိနေတယ်”လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ PDF တွေနဲ့မပတ်သက်တဲ့ ပြည်သူတွေသာဖြစ်ပြီး မဆိုင်တဲ့ ပြည်သူတွေ ဖမ်းဆီးခံရအောင် သတင်းပေးနေသူတွေကို စုံစမ်းပြီး ရှင်းလင်းသွားမယ်လို့ ဆိုပါတယ်။

ဖိုးစပါယ်ကျေးရွာမှ ဖမ်းဆီးခံရသူတွေမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေအပါအဝင် အမျိုးသား၊ အမျိုးသမီး ၃၀ ကျော်ပါတယ်လို့ သိရပါတယ်။

ဖမ်းဆီးထားသူတွေကိုတော့ ဘုရားကြီးရှိ စစ်ကောင်စီအမြှောက်တပ်စစ်ကြောရေးကို ပို့ထားပြီး စစ်ဆေးနေသလို မိသားစုဝင်တွေနဲ့လည်း တွေ့ခွင့်မရသေးဘဲ မေလ ၁ ရက်နေ့ မနက်ပိုင်းထိ ပြန်မလွတ်လာကြသေးဘူးလို့ သိရပါတယ်။

ဧပြီလ ၂၇ ရက် ည ၇ နာရီလောက်မှာ ညောင်ခါးရှည်ရဲစခန်းကို ဝေါပကဖ၊ ရင်း(၃၇၀၁)ပျောက်ကျားအဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့လို့ ရဲ ၁ ဦးသေပြီး ၂ ဦးဒဏ်ရာရခဲ့ပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။