နန်းယွန်းမြို့နယ်ထဲရောက်နေတဲ့ အိန္ဒိယရဲ့နယ်စပ်ခြံစည်းရိုးကာရံမှုကို တန်ရှန်းနာဂကောင်စီက ကန့်ကွက်ပြီး ရပ်တန့်ပေးဖို့တောင်းဆို

0 11
0 11

မြေလတ်အသံ၊ နိုဝင်ဘာ ၁၉၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်အတွင်းကျရောက်နေတဲ့ အိန္ဒိယအစိုးရရဲ့ နယ်စပ်ခြံစည်းရိုးကာရံမှုကို ကန့်ကွက်ကြောင်း ညီညွတ်သောတန်ရှန်းနာဂကောင်စီ – UTNC က နိုဝင်ဘာ ၁၈ ရက် မနေ့က သတင်းထုတ်ပြန်ပါတယ်။

အိန္ဒိယအစိုးရက နိုဝင်ဘာပထမပတ်ကစတင်ကာ အိန္ဒိယ-မြန်မာနယ်ခြားမှတ်တိုင် ၁၇၃ ပန်ဆောင်တောင်ကြားလမ်းနဲ့ ၁၇၂ တွေမှာ ခြံစည်းရိုးကာရံနေတာဖြစ်ပြီး အဲ့ဒီနေရာတွေဟာ တန်ရှန်းနာဂလူမျိုးတွေနေထိုင်ရာနယ်မြေ နန်းယွန်းမြို့နယ်အတွင်းကျရောက်နေတယ်လို့ ဆိုပါတယ်။

ပုံစာ -​ နန်းယွန်းမြို့နယ်အတွင်းမြန်မာနယ်စပ်တနေရာမှာ အိန္ဒိယဘက်က ခြံစည်းရိုးကာနေတဲ့လုပ်ငန်းခွင်တခုကို နိုဝင်ဘာလအတွင်းတွေ့ရစဥ်။ (ပုံ-Naga Entertainment)

အဲ့ဒီလို ကျရောက်နေတာကြောင့် အိန္ဒိယအစိုးရအနေနဲ့ မြန်မာနယ်စပ် မိုင်တိုင် ၁၇၂ နဲ့ ၁၇၃ မှာ ခြံစည်းရိုးကာရံနေမှုကို ချက်ချင်းရပ်တန့်ပြီး ရုပ်သိမ်းပေးဖို့ UTNCရဲ့ ထုတ်ပြန်ချက်မှာ တောင်းဆိုဖော်ပြထားပါတယ်။

အခုလိုလုပ်ဆောင်တာဟာ လူမျိုးတမျိုးတည်း၊ မိသားစုတစုတည်းဖြစ်တဲ့ ဌာနေနာဂလူမျိုးတွေရဲ့တည်ရှိမှုကို မသိကျိုးကျွန်ပြုကာ ပိုင်းခြားဖို့ဆောက်ရွက်လာတာကြောင့် နာဂပြည်သူလူထုတစ်ရပ်လုံး နာကျင်စွာ စိတ်ထိခိုက်ခံစားရတယ်လို့လည်း UTNC က ဆိုပါတယ်။

ပုံစာ -​ နန်းယွန်းမြို့နယ်အတွင်းမြန်မာနယ်စပ်တနေရာမှာ အိန္ဒိယဘက်က ခြံစည်းရိုးကာနေတဲ့လုပ်ငန်းခွင်တခုကို နိုဝင်ဘာလအတွင်းတွေ့ရစဥ်။ (ပုံ-Naga Entertainment)

အိန္ဒိယအစိုးရရဲ့နယ်စပ်မျဉ်းခြံစည်းရိုးကာရံတဲ့လုပ်ငန်းစဉ်တွေဟာ ဌာနေနာဂလူမျိုးတွေကို စိတ်ပိုင်းဆိုင်ရာညှင်းပမ်းနှိပ်စက်တာနဲ့ သွေးခွဲဖျောက်ဖျက်ဖို့ မဟာဗျူဟာကျကျလုပ်ဆောင်တဲ့ သိက္ခာမဲ့လုပ်ရပ်အဖြစ် သုံးသပ်ရတာကြောင့် နာဂပြည်သူလူထုကိုယ်စားပြုအဖွဲ့အစည်းတွေက လုံးဝ(လုံးဝ)ကန့်ကွက်ကြောင်းကိုလည်း ဖော်ပြထားပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။