ဆိတ်ခြံမှာ ခြင်မလာအောင်ဖိုပေးထားတဲ့မီးက နေအိမ်ကိုကူးပြီး အိမ် ၈ လုံးမီးလောင်

0 6
0 6

အမရပူရ၊ နိုဝင်ဘာ ၁၈၊ ၂၀၂၅။

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ဘုံအိုးကျေးရွာရှိ ဆိတ်ခြံတခုမှာ ခြင်မလာအောင်ဖိုပေးထားတဲ့မီးကတဆင့် မီးလောင်မှုဖြစ်ပြီး နေအိမ် ၈ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ကူညီလုပ်ဆောင်ပေးခဲ့တဲ့သူတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၁၈ ရက်မနက် ၂ နာရီခန့်မှာ ဘုံအိုးရွာအလယ်ရပ်ဗလီအနီးရှိ ဆိတ်ခြံကနေ မီးစတင် လောင်ကျွမ်းခဲ့ရာမှ အနီးအနားရှိ နေအိမ်တွေကိုပါကူးစက်ပြီး မီးလောင်ကျွမ်းခဲ့တာလို့ ဆိုပါတယ်။

“သူတို့က အိမ်ရှေ့မှာဆိတ်ခြံရှိတယ်။ ဆောင်းတွင်းဆိုတော့ ဆိတ်တွေမိုးပွှားခြင်မကိုက်အောင် မီးမွှေးထားပေးတာပေါ့။ ခြင်မီး။ အဲ့ကနေမှညပိုင်းဖြစ်သွားတော့ ဆိတ်ခြံရဲ့ ထရံကိုမီးကူးစက်ပြီး မီးလောင်သွားတာ”လို့ ကူညီဆောင်ရွက်ပေးခဲ့သူတဦးက ပြောပါတယ်။

မီးလောင်မှုကြောင့် နေအိမ် ၈ လုံး၊ ဆိတ်ခြံ ၁ ခြံ၊ နွားတင်းကုပ် ၁ ခုမီးလောင်ပျက်စီးခဲ့ပြီး လူထိခိုက်မှုတော့မရှိဘုးလို့ ဆိုပါတယ်။

မီးလောင်တဲ့နေရာကို မန္တလေးတိုင်း မီးသတ်၊ အမရပူရမီးသတ်အပါအဝင် လူမှုကူညီရေးအသင်းတွေနဲ့ ဒေသခံတွေက ဝိုင်းဝန်းမီးငြှိမ်းသတ်ခံတာကြောင့် မီးလောင်ပြီး ၁ နာရီကျော်အကြာမှာမီးငြိမ်းခဲ့ကာ မီးဘေးသင့်ပြည်သူ ၃၀ ခန့်ကတော့ နီးစပ်ရာဆွေမျိုးအိမ်တွေမှာနေထိုင်ပြီး မီးလောင်ပြင်ကိုပြန်လည် ရှင်းနေကြတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁ ရက်ကလည်း အမရပူရမြို့နယ်၊ ဥယျာဥ်တော်ကျေးရွာ၊ ကျောက်စိမ်းဘုရားအနီး စစ်ကိုင်း-မြစ်ငယ်လမ်းဘေးက စားသောက်ဆိုင်ကို ဆီဘောက်ဆာ ဝင်တိုက်ရာမှ မီးလောင်လို့ ၃ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။