ရန်ကုန်-ပြည်ကားလမ်းဘေး စစ်ကွင်းတာဆုံ စစ်ဆေးရေးဂိတ် ၂ ရက်ဆက်တိုက်ခိုက်ခံရပြီး ၈ ဦးသေ

0 19
0 19

မင်းလှ၊ မတ် ၂၁၊ ၂၀၂၅။

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ စစ်ကွင်းမြို့၊ အုတ်တွင်းကျေးရွာအနီး ရန်ကုန် – ပြည်ကားလမ်းဘေး အထိုင်ချတပ်စွဲထားတဲ့ စစ်ကွင်းတာဆုံ စစ်ဆေး‌ရေးဂိတ်ကို မတ် ၂၀ ရက်နဲ့ ၂၁ ရက်တွေမှာ ၂ ရက်ဆက်တိုက် တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ ဆီက သိရပါတယ်။

မတ် ၂၀ ရက် မနက် ၁ နာရီ ၃၀ မိနစ်မှာ စစ်ကွင်းမြို့၊ အုတ်တွင်းကျေးရွာအနီး ရန်ကုန် – ပြည်ကားလမ်းဘေး စစ်ကွင်းတာဆုံ စစ်ဆေး‌ရေးဂိတ်ကို တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှု ၁ နာရီ ၄၅ မိနစ်ခန့်ကြာခဲ့ကာ မတ် ၂၁ ရက် နေ့လယ် ၁၀ မှာတော့ အဲ့ဒီစစ်ဆေးရေးဂိတ်ကိုပဲ အဝေးထိန်းဗုံးနဲ့ ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ တာဝန်ရှိသူတဦးက ပြောပါတယ်။

“အဲ့ဒီ စစ်ဆေးရေးဂိတ်မှာက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ အုပ်ချုပ်‌ရေးမှူးနဲ့ ပျူစောထီးတွေ အင်အား ၂၀ ကျော် ၃၀ လောက်ရှိတယ်၊ အဲ့ဒီမှာနေတာ။ စစ်ကောင်စီ**ဘက်က ၇ ဦးသေဆုံးတယ်။ လက်နက်တွေနဲ့ ဒဏ်ရာရသူတွေကိုတော့ ဒရွတ်တိုက် အမှောင်ဘက်ကိုဆွဲသွားတယ်။ ကျန်တဲ့ ၆ ဦးလောက်လည်း ဒဏ်ရာအပြင်းအထန်နဲ့ ပြေးသွားရတယ်။ စစ်ကွင်းမြို့ထဲကိုလည်း သူတို့‌တတွေ အလံဖြူထောင်ပြီးပြေးရတယ်။ ပြေးရတော့လည်း ပုဆိုးမနိုင်ပဝါမနိုင်နဲ့ ပြေးသွားကြရတယ်။”လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ တာဝန်ရှိသူတဦးက ပြောပါတယ်။

မတ် ၁၉ ရက် တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က သေဆုံးသူ ၇ ဦးနဲ့ ဒဏ်ရာရသူ ၆ ဦးရှိခဲ့ပြီး မတ် ၂၁ ရက် အဝေးထိန်းဗုံးနဲ့တိုက်ခိုက်မှုမှာ ၁ ဦးသေဆုံးပြီး ဒဏ်ရာရသူ ၄ ဦးမှာ ဝမ်းဗိုက်ထိ၊ မျက်လုံးထွက်ဒဏ်ရာရသူတွေပါပြီး မင်းလှဆေးရုံကိုခေါ်ဆောင်သွားတယ်လို့ သူက ဆက်ပြောပါတယ်။

အဲဒီ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ပြီးနောက် ကာဘိုင်သေနတ် ၁ လက်၊ ကျည်ဘောက် ၁ ခု၊ ကျည် ၂၀ တောင့်၊ စစ်အသုံးအဆောင်တချို့နဲ့ ဆိုင်ကယ် ၁ စီး သိမ်းဆည်းရမိခဲ့ပြီး စခန်းကိုမီးရှို့ထားခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၈ ရက်ကလည်း ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ထန်းပင်ကုန်းအုပ်စု၊ နတ်ထမင်းကျေးရွာ ရာအိမ်မှူး အငယ်လေး(ခ)သက်နိုင်စိုးကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ က ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။

စာတည်း – ကိုချမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။