ကနီမှာ ရေပြတ်သွားတဲ့ ရွာကို PDF တွေစုပေါင်းရေလှူ

0 1
0 1

ကနီ၊ ဧပြီ ၂၅၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က သောက်သုံးရေပြတ်လပ်သွားတဲ့ကျေးရွာတရွာကို ဒေသခံ PDF တွေက ဧပြီလ ၂၄ ရက် မနေ့နေ့လယ်ပိုင်းကစပြီး သောက်သုံးရေလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

လျှပ်စစ်မီးပြတ်တောက်နေတဲ့အပြင် ဧပြီလ ၂၁ ရက်ညနေက လေပြင်းတိုက်ခိုက်ပြီး စက်ရေတွင်းအင်ဂျင်စက် ပျက်စီးနေတာကြောင့် သောက်သုံးရေပြတ်လပ်ခဲ့တာလို့ ဆိုပါတယ်။

“လျှပ်စစ်မီးကလည်း လေမတိုက်ခင် ၂ ရက်လောက်ကတည်းက မလာတာ၊ ရွာကအိမ်ခြေကလည်း များတယ်။ ရွာခံက အကူညီတောင်းတာနဲ့ချက်ချင်းစီစဥ်ပြီး မနေ့ကစလှူတာပါ။ အခုမနက် (ဧပြီ ၂၅) လည်း ရေလှူသွားကြပါတယ်”လို့ Monywa Nightking တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ရေဂါလံ ၄၀၀ သယ်ဆောင်နိုင်တဲ့ကားကိုသုံးပြီး နေအိမ်တွေထဲက ရေစည်နဲ့ရေကန်တွေထဲအရောက် ရေထည့်ပေးခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီကျေးရွာမှာ လူဦးရေ ၅၀၀ ကျော်နေထိုင်ပြီး၊ ရွာအမည်ကိုတော့ လုံခြုံရေးအရ ထည့်သွင်းဖော်ပြထားခြင်း မရှိပါဘူး။

အဲဒီအစီအစဥ်ကို မုံရွာခရိုင်တပ်ရင်း၂ ၊၃၊ ၄ (Chindwin Attack Force) အထူးကွန်မန်ဒိုတပ်ဖွဲ့ Monywa The Boys နဲ့ မုံရွာခရိုင်တပ်ရင်း – ၄ (Chindwin Attack Force)၊ တပ်ခွဲ ၃ Monywa NightKing တို့က ပူးပေါင်းလှူဒါန်းခဲ့တာလို့ သိရပါတယ်။

ကနီမြို့နယ်မှာ ဧပြီလ ၂၁ ရက်ညနေ ၅ နာရီလောက်က မိုးသက်လေပြင်းတိုက်ခိုက်ခဲ့တဲ့အတွက် ကျေးရွာ ၈ ရွာက နေအိမ် ၁၅၀ လောက် အမိုးလန်ပျက်စီးခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။