စစ်ကိုင်းနဲ့ ဆားလင်းကြီးက စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရပြီး သေဆုံးမှုများဟုဆို

0 1
0 1

စစ်ကိုင်း၊ ဧပြီ ၂၂၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ အင်းစကျေးရွာကို မီးရှို့ခဲ့တဲ့ စစ်အုပ်စုကို ဒေသခံကာကွယ်ရေးတပ်တွေက ဧပြီလ ၂၁ ရက်မနေ့က တိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ People’s Army to Fight Dictatorship(PAFD)အဖွဲ့ဆီက သိရပါတယ်။

မြင်းမူနယ်ဘက်ကလာတဲ့ စစ်သားအင်အား ၁၀၀ ကျော်က အင်းစကျေးရွာကို မနေ့မနက် ၉ နာရီလောက်မှာ မီးရှို့နေလို့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အနီးကပ် တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

“စစ်တပ်က အင်းစရွာကို မီးစရှို့ကတည်းက ကျနော်တို့က တိုက်ခိုက်ဖို့သွားတာ။ စစ်တပ်နဲ့ထိပ်တိုက်သွားတိုးတော့ ကျနော်တို့က ပစ်တာ မျက်မြင်က နေရာမှာပဲ ၆ ယောက်က လဲကျသွားပြီး ၃ ဦး သေတာ ၃ ဦးက ဒဏ်ရာရရှိသွားတယ်” လို့ PAFDရဲ့တာဝန်ခံက ပြောပါတယ်။

မီးရှို့ခံရတဲ့အတွက် အင်းစရွာက နေအိမ် ၃၀၀ ခန့် မီးလောင်ခဲ့ပြီး တိုက်ခိုက်နေချိန်မှာလည်း အင်းစရွာသားတွေကိုလည်း ကယ်ထုတ်ခဲ့ရကာ အားလုံးအန္တရာယ်ကင်းတယ်လို့ ဆိုပါတယ်။

အလားတူ ဆားလင်းကြီးမြို့နယ်က ကျားတက်နယ်မြေရဲစခန်းကို ဧပြီလ ၁၇ ရက်နေ့ နေ့လည် ၁၂ နာရီခန့်က ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ရဲနဲ့စစ်သား ထိခိုက်သေဆုံးခဲ့တယ်လို့ MSPDF ရဲ့ ဧပြီလ ၂၀ ရက်နေ့ ထုတ်ပြန်ပါတယ်။

ဒရုန်း ၃ စင်းနဲ့ ဗုံး ၆ လုံး ကြဲချတိုက်ခိုက်ပြီးနောက် စစ်အုပ်စုဘက်က လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် အချိန် ၂ နာရီခန့် အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ MSPDF တာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

“ဒရုန်းနဲ့ ဗုံး ၆ လုံးကြဲချခဲ့တယ်။ ရဲစခန်းဝန်းထဲ ကျတယ်။ ရဲတပ်ဖွဲ့က ၇ ဦး သေဆုံးတယ်။ ဒဏ်ရာရသူတွေလည်း ရှိတယ်ဆိုတာ ကင်းထောက်အဖွဲ့ထံက သိရပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာနဲ့ပတ်သက်ပြီးတော့ မြေလတ်အသံက သီးခြားအတည်ပြုနိုင်တာမျိုး မရှိသေးပါဘူး။

စစ်ကိုင်းမြို့နယ် တိုက်ခိုက်မှုကို People’s Army To Fight Dictatorship(PAFD)၊ Dog Killers People’s Defence Force – Myinmu ၊ ဒေသကာကွယ်ရေး မဟာမိတ်တွေ ပူးပေါင်းခဲ့တာ ဖြစ်ပြီး ဆားလင်းကြီးနယ် စွန်ရဲစစ်ဆင်ရေးမှာတော့ Eagle Brigade အဖွဲ့နဲ့အတူ စစ်ကိုင်းခရိုင်တပ်ရင်းအမှတ် ၄ MSPDF (Maung Special Air Force၊ Salingyi Special Task Force (SSTF)၊National People Defence Force (NPDF)၊ Super Fighter Drone Team အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။