ကလေးမြို့ ပင်မသပိတ် ပစ်ခတ်ဖြိုခွင်းခံရပြီး အဖွဲ့ဝင်တချို့ဖမ်းဆီးခံလိုက်ရ

0 1
0 1

ကလေး၊ ဧပြီ ၁၆၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်သပိတ်ပြုလုပ်နေချိန် စစ်ကောင်စီရဲ့ ပစ်ခတ်ဖြိုခွင်းတာကို ခံခဲ့ရပြီး အဖွဲ့ ဝင် ၄ ဦးဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

၇၉၉ ရက်မြောက် ဆန္ဒပြသပိတ်အဖြစ် ယနေ့ ဧပြီလ ၁၆ရက် နေ့လည်ပိုင်းက ကလေးမြို့၊ တံတားဦးထိပ်နားမှာ ဆန္ဒထုတ်ဖော်ဖို့ စာရွက်ကပ် ပြင်ဆင်နေချိန် စစ်ကောင်စီအဖွဲ့ ဖြတ်သွားချိန် တွေ့မိရာက ဖြိုခွင်းခံခဲ့ရတာဖြစ်တယ်လို့ သပိတ်အဖွဲ့ဝင်တွေနဲ့ နီးစပ်သူက ဆိုပါတယ်။

“အာဏာသိမ်းထဲက သပိတ်ကရက်မပျက်ခဲ့ဘူး၊ နေ့တိုင်းထွက်နေတော့ စောင့်ဖမ်းဖို့ချောင်းတာလား၊ သတင်းပေးနဲ့တွေ့လားမသိဘူး၊ မအိစံကတော့မလွယ်ဘူး၊ အသေရရ အရှင်ရရ ပစ်ဖမ်းဖို့ ထုတ်ထားတာ၊ ** တွေက သူ့ကို ကြိမ်းထားကြတာကြာပြီ” လို့ သပိတ်အဖွဲ့ဝင်တွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ပစ်ခတ်ဖြိုခွင်းခံရလို့ ကလေးပင်မသပိတ်အင်အားစုက အဖွဲ့ဝင်တွေဖြစ်တဲ့ မအိစံ(ပစ်မိန့်ထုတ်ခံထားရသူ)၊ ကိုမျိုးကို၊ ကိုဂွတို၊ မကင် တို့ ၄ ဦး ဖမ်းဆီးခံခဲ့ရပြီး ကလေး ဒကစ ထဲကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ကလေးပင်မသပိတ်အင်အားစုကလည်း အဆိုပါ အဖွဲ့ဝင်တွေနဲ့ အဆက်သွယ်ရှိထားသူတွေ အမြန်ဆုံးရှောင်တိမ်းကြဖို့ သတိပေးထားပြီး အခြေနေတွေကတော့ စောင့်ကြည့်နေဆဲပဲ ဖြစ်ပါတယ်။

ကလေးမြို့ပေါ်မှာ အခုရက်ပိုင်း ဖမ်းဆီးမှုတွေများလာပြီး ပြီးခဲ့တဲ့ ဧပြီလ ၁၂ရက်နေ့ မနက် ၃ နာရီကလည်း သာစည်ကျေးရွာအနီးမှာရှိတဲ့ ပကဖ စခန်းတခု စီးနင်းခံခဲ့ရပြီး ရဲဘော် ၉ ဦး အဖမ်းခံရကာ တဦးသေဆုံးခဲ့ ပါသေးတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။