ဆိုင်ကယ်ခိုးမှုနဲ့ ကျေးရွာပကဖ ဖမ်းဆီးသွားတဲ့အမျိုးသား ၁ ဦး ရိုက်နှက်ဒဏ်ရာတွေနဲ့သေဆုံး

0 19
0 19

မြေလတ်အသံ၊ အောက်တိုဘာ ၁၇၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်က အမျိုးသားတဦးကို ဆိုင်ကယ်ခိုးမှုနဲ့ ကျေးရွာပကဖအဖွဲ့တခုက ဖမ်းဆီးစစ်ဆေးနေချိန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးသူမှာ မှော်တိတ်ကျေးရွာမှ ၃၈ နှစ်အရွယ် ကိုဇော်ထွေးဖြစ်ပြီး သူ့ကို ရွာသာယာကျေးရွာပကဖအဖွဲ့က အောက်တိုဘာ ၁၁ ရက်ည ၈ နာရီကျော်မှာဖမ်းဆီးခဲ့ပြီးနောက် အောက်တိုဘာ ၁၂ ရက်မနက် ၁ နာရီကျော် လူကြုံနဲ့တဆင့် မိသားစုကို အလောင်းလာယူဖို့ အကြောင်းကြားခဲ့တာလို့ ဆိုပါတယ်။

“ကိုဇော်ထွေးကို ဆိုင်ကယ်ပျောက်တဲ့အမှုနဲ့ စစ်မေးစရာရှိတယ်ဆိုပြီး ဖမ်းခေါ်သွားတာ။ သူ့မှာ ခန္ဓာကိုယ်တခုလုံး ညိုမဲနေတာ။ မျက်နှာကလည်း ညိုမဲနေတယ်။ ခေါင်းမှာလည်း ရိုက်ခံထားရတဲ့ ဒဏ်ရာအကြီးကြီးတချက် တွေ့တယ်။ အဆုတ်တည့်တည့်မှာလည်း သေနတ်တွေနဲ့ထောင်းထားလို့ ဒဏ်ရာဖြစ်နေတဲ့ သုံးနေရာလောက်တွေ့တယ်”လို့ ကိုဇော်ထွေးရဲ့ မိသားစုဝင်အမျိုးသားတဦးက ပြောပါတယ်။

မိသားစုဝင်တွေက ကိုဇော်ထွေးရဲ့ ရုပ်အလောင်းကို ရွာသာယာကျေးရွာပကဖအဖွဲ့ဆီကနေ အောက်တိုဘာ ၁၂ ရက်မနက် ၁၀ နာရီကျော်မှာသွားယူခဲ့တာလို့လည်း အထက်ပါအမျိုးသားကပြောပါတယ်။

ဒါ့အပြင် ကိုဇော်ထွေးမှာ ဇနီးဖြစ်သူနဲ့ အသက် ၅ နှစ်နဲ့ ၈နှစ်အရွယ်သားလေး ၂ ဦး ကျန်ရစ်ခဲ့ပြီး ဒီသေဆုံးမှုနဲ့ ပတ်သက်ပြီး ရွာသာယာကျေးရွာပကဖအဖွဲ့ဝင်တွေကို သက်ဆိုင်ရာတာဝန်ရှိအဖွဲ့တွေက အောက်တိုဘာ ၁၇ ရက်ဒီကနေ့အထိအရေးယူမှုတစုံတရာ မရှိသေးဘူးလို့လည်း အထက်ပါအမျိုးသားက ဆိုပါတယ်။

အဆိုပါသေဆုံးမှုဖြစ်စဥ်ကြောင့် ရွာသာယာကျေးရွာပကဖ အပေါ်ဘယ်လိုဆောင်ရွက်သွားမယ်ဆိုတာနဲ့ပတ်သက်ပြီး အင်းတော်မြို့နယ်ပကဖအဖွဲ့ကို မြေလတ်အသံက လူမူကွန်ရက်မက်ဆင်ဂျာကတဆင့် ဆက်သွယ်မေးမြန်းထားပေမယ့် တစုံတရာအကြောင်းပြန်လာတာမရှိသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၃ နှစ်စပိုင်းကလည်း အင်းတော်မြို့နယ်ပလဖဆီမှာ မူးယစ်ဆေးဝါးမှုနဲ့ အချုပ်ကျနေတဲ့ အချုပ်သားတဦး ထွက်ပြေးနေတယ်ဆိုပြီး ပလဖတာဝန်ခံရဲ့ဘော်ဒီကပ်ဖြစ်သူရဲဘော် အမျိုးသမီးက ပွိုင့်ဖိနပ်နဲ့ရင်ဘတ်ကို ဆောင့်ကန်လိုက်ချိန် သေဆုံးခဲ့တယ်လို့ဒေသခံတွေဆီက သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။