သင်္ကြန်ကျင်းပနေတဲ့ ခလရ ၂၅၇ တပ်ထဲ လက်နက်ကြီးနဲ့ပစ်ခံရလို့ ထိခိုက်သေဆုံးရှိနိုင်

ရေစကြို၊ ဧပြီ ၁၄၊ ၂၀၂၃။

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ဖူလုံရွာအနီးက စစ်ကောင်စီ ခလရ ၂၅၇ တပ်ထဲမှာ တပ်တွင်း သင်္ကြန်လုပ်နေတဲ့အချိန် လက်နက်ကြီးနဲ့တိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးရှိနိုင်တယ်လို့ သိရပါတယ်။

ဧပြီလ ၁၄ ရက် ဒီနေ့မနက် ၉ နာရီခန့်မှာ တပ်တွင်းသင်္ကြန်လုပ်ပြီး ပျော်ပါးနေတဲ့ စစ်ကောင်စီတပ်ထဲကို လက်နက်ကြီး အလုံး ၃၀ ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ people Defense Force Column 1 တာဝန်ရှိသူက ပြောပါတယ်။

“အဲဒီတပ်က တပ်မ ၁၀၁ လက်အောက်ခံတပ် ဖြစ်တယ်။ လက်နက်ကြီးတွေနဲ့ အချက်ရေ တော်တော်များများ ပစ်ခဲ့တယ်။ ထိခိုက်သေဆုံးရှိနိုင်ပေမယ့် တပ်တွင်းအခြေအနေဖြစ်တော့ အတိအကျ မသိရသေးဘူး။ သူတို့တပ် ပစ်ခံရတော့ လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်တာရှိတယ်” လို့ ပြောပါတယ်။

ပြည်သူ့အခွန်ငွေတွေနဲ့ သောက်စားပျော်ပါးနေတဲ့ စစ်ကောင်စီတပ်သားတွေ မပျော်ပါးနိုင်အောင်နဲ့ စစ်ကောင်စီတပ်တွင်း သင်္ကြန်တွေ မကျင်းပနိုင်အောင် တိုက်ခိုက်ခဲ့တာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ချိန် ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေဘက်က ထိခိုက်တာမရှိပေမယ့် လယ်လုပ်နေတဲ့ ဒေသခံ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

တပ်တွင်းသင်္ကြန်ပွဲ တိုက်ခိုက်မှုကိုတော့ MIDDLE IT ZONE၊ Thakhin Mya PDF၊ people Defense Force Column 1 နဲ့ ရေစကြိုမဟာမိတ်ပူးပေါင်းတပ်တွေက စုပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၀ ရက် ညကလည်း ခလရ ၂၅၇ တပ်ကို ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်တာခံရပြီး ထိခိုက်သေဆုံးမှု ရှိခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – ဇို

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။