ဆားလင်းကြီး ကျားတက်ရဲစခန်း တိုက်ခိုက်ခံရလို့ ၁ ဦးသေပြီး ၂ ဦးဒဏ်ရာရ

0 1
0 1

ဆားလင်းကြီး၊ ဧပြီ ၁၂၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကျားတက်ကျေးရွာက ရဲစခန်း ဧပြီလ ၁၀ ရက်ညနေ ၆ နာရီလောက်မှာ တိုက်ခိုက်ခံရတာကြောင့် စစ်သား ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ PDF တာဝန်ရှိသူက ပြောပါတယ်။

စစ်သားနဲ့ရဲတပ်သား အင်အား ၁၀၀ ကျော် အထိုင်ချထားတဲ့ အဆိုပါရဲစခန်းကို လက်လုပ်ဒရုန်းအမျိုးအစား ယာဥ် ၂ စီးသုံးပြီး ဗုံးသီး ၅ လုံးချ တိုက်ခိုက်ခဲ့တာလို့ Super Fighter PDF (ရေစကြို)တာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

“စကစနဲ့ရဲတွေ ထမင်းစားနေတဲ့နေရာကို ဗုံးသီးတွေချခဲ့တာ။ အဲ့မှာ စကစတကောင်က ပွဲချင်းပြီး သေတယ်။ ၂ ကောင်က ဒဏ်ရာရသွားလို့ ဆေးရုံပို့လိုက်တယ်။ သေဆုံး၊ဒဏ်ရာရတာကို အတွင်းဖရဲသီးနဲ့ အနီးဝန်းကျင်က ဒေသခံတွေပြောလို့ အတည်ပြုနိုင်ခဲ့တာ” လို့ ဆိုပါတယ်။

ဒါ့အပြင် ရဲစခန်းကို တိုက်ခိုက်နေချိန်မှာ စစ်သားနဲ့ရဲတပ်သားတွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ နာရီဝက်ခန့်အကြာ ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် အနီးပတ်ဝန်းကျင်မှာနေထိုင်တဲ့ ဒေသခံတွေနဲ့ PDF ရဲဘော်တို့ အထိအခိုက်မရှိခဲ့ဘူးလို့ အထက်ပါတာဝန်ခံက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Super Fighter PDF (ရေစကြို)၊ Salingyi Special Task Force – SSTF (ယင်းမာပင်ခရိုင် တပ်ရင်း ၁၄ ၊ ၁၅)နဲ့ Shar Htoo Waw Drone နည်းပညာအဖွဲ့တို့က ပူပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အလားတူ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်းမှာလည်း ကျားတက်ရဲစခန်းကို Super Fighter PDF (ရေစကြို) အဖွဲ့အပါအဝင် ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။